လော်စပီကာ ဆော်သြသံကြောင့် ကောင်လေးကို တစ်ယောက်တည်းထားပြီး သမက်က ထွက်သွားသည်။ ဒေါ်သစ်သစ်နိုင် ကျန်ရစ်ခဲ့သော ကောင်လေးထံ လျှောက်လာသည်။

သမီးဖြစ်သူ ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခြင်းကို မြင်ယောင်လျက် မိခင်တစ်ယောက်၏ရင်ထဲမှာ ဒေါသအာဃာတတွေ ဟုန်းဟုန်းတောက်လာသည်။

အိမ်သာဟောင်းဘက်ကို ခေါ်လာသည်။ ကောင်လေးက ဟိုကြည့်ဒီကြည့်နှင့် ထရံဟောင်းနှင့် အုပ်ကာထားသော ကျင်းဟောင်းနားမှာ သတိမထားမိဘဲ ရပ်လိုက်သည်။

ထို့နောက် .............

"ဒါက ဥပမာပဲ ရှိသေးတယ်၊ နင့်အပြစ်တွေကိုသာ လူတွေ သိသွားရင် နင့်ကို ပိုပြီး စက်ဆုပ်ကြလိမ့်မယ်၊ ဒီမစင်တွင်းဟောင်းထဲ ကျတာတောင် နင့်ကို ဘယ်သူမှ အဖက်မလုပ်တာ၊ နင်က ကာမပိုင်ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေတာသာ သိသွားကြရင် နင်ရော ပိုင်စီးရော လူ့ဘောင်မ၀င်တော့ဘူး"

ဒေါသကို အံကြိတ်လျက် ကြိမ်းဝါးခြိမ်းခြောက်လိုက်သည်။ တစ်ကိုယ်လုံးမှာ ပေကျံနေသော အညစ်အကြေးတွေက မီးဝင်းဝင်းတောက်နေသော ကောင်လေးမျက်လုံး၏ ဒေါသအရောင်ကို မအုပ်ကွယ်နိုင်။

ဘုရားရေ့ ! ငါတော့ မြွှေဟောက်တစ်ကောင်ကို ခေါင်းပုတ်မိပြီလား ...

"အဟင်းး ကာမဆိုတာ တစ်ဦးတည်းပိုင် ရေရှည် စီမံကိန်းမှ မဟုတ်တာ၊ ရှေးလူကြီးဖြစ်လို့လားမသိဘူး အတွေးအခေါ်တွေက အရမ်းရှေးကျတယ်နော်၊ အခုခေတ်မှာ အောင်မြင်တဲ့ယောက်ျားတစ်ယောက်အနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်တာ အထူးအဆန်းမဟုတ်ဘူး၊ မထိန်းသိမ်းနိုင်တဲ့ ဇနီးမယားရဲ့ ညံ့ဖျင်းမှု့ ပဲ၊ ခင်ဗျားသမီးအသုံးမကျတာ လူသိစေချင်ရင် လုပ်ကြည့်လိုက်စမ်းပါ၊ ကိုယ်တွေက နားအေးပါးအေးနေချင်လို့သာ ဒီအတိုင်း ငြိမ်နေတာ၊ တို့သာစိတ်ပါကြည့် အခုစင်ပေါ်တက်သွားတဲ့ မမနိုင်ကို ဆွဲချပြီး ပိုင့်လက်မောင်းကို ချိတ်ဆွဲလိုက်လို့ရတယ်၊ သမာသမတ်ကျပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးကို ပိုက်ဆံနဲ့ ပစ်ပေါက်ပြီး  လက်ခုပ်သြဘာတီးခိုင်းလိုက်မယ်"

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now