"မိုးဥာဏ် ... ဒါမင်း,သားလေ၊ အခု ငါ့သားလည်း သေမလိုဖြစ်နေတယ်၊ မင်း,သားနဲ့ငါ့သားကို လုံးဝပေးတွေ့လို့မရတော့ဘူး၊ ငါလည်း င့ါသားစိတ်ကြောင့် ရူးတော့မယ်"

"အဲ့ဒါ ဒီကောင်ကြောင့်မဟုတ်လား၊ သူဌေးကြီးစီရင်ရမှာ ဒီကောင့်ကိုပဲ၊ သူဌေးကြီး ဒီကောင့်ကို သတ်ပစ်မလား .. သတ်ပစ်၊ ရတယ် ... ကျွန်တော် ဒီ့ကောင်ပေါ်မှာ ဘာသံယောဇဉ်မှ မရှိဘူး၊ ကျွန်တော်နဲ့ဒီကောင် ဘာမှမဆိုင်ဘူး၊ ဒီကောင့်ကို သူဌေးကြီး ဘယ်လိုလုပ်လုပ် ရတယ်၊ ကျွန်တော့်ကိုသာ မနှင်ပါနဲ့ သူဌေးကြီးရယ်"

ဖခင်တစ်ယောက်၏ သားကို ရှေ့ မှောက်ထား ပြောသော ဓါးမဲ့စကားတွေက ရှနာစွာ ရက်စက်လွန်းသောကြောင့် ပိုင်ဇေ ရပ်မနေနိုင်တော့ဘဲ ကုတင်ပေါ်က လဲလျောင်းနေသော ကလေးငယ်ကို ရင်ခွင်ထဲ ပြေးထည့်လိုက်သည်။

နားထင်အထိ စီးကျနေသော ကလေးငယ်၏ မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ဖယ်ပေးကာ နားနှစ်ဖက်ကို အုပ်ကွယ်ပေးထားသည်။

ဒီ့ထက်ပိုပြီး ဒီကလေးကို မရက်စက်သင့်တော့ဘူးလေ ...

ရင်ခွင်ထဲမှာ တသိမ့်သိမ့်တုန် ရှိုက်နေသာ ကလေးငယ်က အူလှိုက်သည်းလှိုက် ၀မ်းပန်းတနည်း ငိုကြွေးနေသည်။

နောက်ဆုံးမှာ အဖေက သားဖြစ်သူပိုင်စီးအတွက် ဦးလေးမိုးဥာဏ်ကို စွန့်ပစ်ခဲ့ပါသည်။ ထို့ကြောင့်ပဲ ဦးလေးမိုးဥာဏ်က သူ့သားအရင်းအပေါ် ပိုမုန်းတီးနာကြည်းခဲ့သည်။

ဒီကလေးငယ်ကို သတ်မယ်တကဲကဲလုပ်နေလို့ ဦးလေးမိုးဥာဏ်ကို ဆေးရုံအခန်းထဲ ၀င်ခွင့် မပေးခဲ့တော့ပါ။ 

ထိုင်တောင်မထိုင်နိုင် ကုတင်ပေါ် ပက်လက် လဲလျောင်းလျက် ကလေးငယ်၏ မျက်လုံးတွေမှာ ၀မ်းနည်းနာကျင်မှု့ အပြည့်၊ စကားတစ်ခွန်းမဆိုလေဘဲ မျက်ရည်မစဲနိုင် ကြိတ်ငိုနေတတ်သည်။

ကုတင်ဘေးမှာ ထိကိုမထိ အငွေ့မဲ့နေသော အေးစက်စက် ဆန်ပြုတ်ပန်းကန်လုံးလေးက ကလေးငယ်၏ ဥပေက္ခာပြုခြင်းကိုခံထားရသည်။

မနေ့တစ်နေ့ကမှ စွန်ကိုလေထဲမှာလွင့် ခြံထဲ ပြေးလွှားဆော့ကစားနေသော ၀၀ကစ်ကစ် ကလေးငယ်လေးက ညီငယ်ကြောင့် အခုတော့ ဆေးရုံကုတင်ထက် စိတ် ခန္ဓာ မှာ ဒဏ်ရာတွေချည်း။ ဒီကြားထဲ အဖေဖြစ်သူ၏ အမုန်းကိုပါ ခံနေရသော ကလေးငယ်၏ အကူအကယ်မဲ့ အဖြစ်မှာ သူ ဘယ်လို နှစ်သိမ့်အားပေးရပါ့မလဲ။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းTempat cerita menjadi hidup. Temukan sekarang