"ည​နေကျရင်​..​တေး​ရေးဆရာနဲ့ သွား​တွေ့လို်​က်​ဦး​နော်​..
သား.."

"ဗျာ..? "

"album အတွက်​ သီချင်းတစ်​ပုဒ်​လို​သေးတယ်​​လေ.."

"အဲ့တာက..ကျွန်​​တော်​ဟို​နေ့က ဥက္ကဌကို
ပြထားတဲ့..သီချင်းကိုထည့်​မှာမဟုတ်​ဘူးလား..?"

သူထင်​မှတ်​ထားတာနဲ့ တစ်​စုံတစ်​ရာ လွဲ​ချော်​​နေလို့ထင်​..။
နေ့လည်​စာစားဖို့ဆိုပြီး အခန်းပြင်​ထွက်​ဖို့လုပ်​​နေတဲ့
ခြေ​ထောက်​ ​တွေ ​နေရာမှာတင်​ ရပ်​ကုန်​တယ်​..။

မျှော်​လင့်​ထားတာ​တွေ..အကုန်ရိုက်​ချိုးခံရ​တော့မယ့်
ပုံစံမျိုး...။
ရုတ်​တရက်​ စိတ်​ပျက်​ခြင်းတစ်​ချို့ကပါ..၀င်​​ရောက်​လာခဲ့သလို..။
တစ်​ကယ်​လဲ..သူ့​မျှော်​လင့်​ချက်​​တွေ အဆုံးထိ ရိုက်​ချခံလိုက်​ရပါသည်​..။

"သားသီချင်း​လေး နား​ထောင်​​ကောင်းတယ်​လို့ပဲ ​ပြောတာ​လေ...ထည့်​မယ်​လို့ အန်​တီမ​ပြောမိဘူးထင်​တယ်​.."

ကာလာစုံ ခြယ်​သထားသည့်​..အမျိုးသမီးကြီးရဲ့..
ဆေးဆိုးပန်းရိုက်​မျက်​နှာ​ပေါ်မှာ..
မနှစ်​မြို့စရာ အပြုံးကြီးတစ်​ခု​ပေါ်​ပေါက်​လာချိန်​တွင်
သူ​သေချာ သိလိုက်​ပြီ..။

သူ့စိတ်​တိုင်းကျ..ဘာမှ လုပ်​ခွင့်​မရှိဘူးဆိုတာ..။

"Instagram သုံးခွင့်​​တောင်​..မ​နေ့တစ်​​နေ့ကမှ..
ရထားတာမလား..သားရယ်​.."

ဒါပါပဲ..။

နာမည်​ကြီး entertainment လက်​​အောက်​မှာ
အလုပ်​လုပ်​ရတဲ့..နာမည်​ကြီး idol တစ်​​ယောက်​ရဲ့
ဘ၀က..ဘယ်​လိုမျိုးလဲဆိုတာ...
စက္ကန့်​ပိုင်း​လေးထဲမှာ...
အားလုံးကို..ပြန်​အမှတ်​ရသွား​စေသည်​..။

အစထဲက သူတို့ဘက်​က controlလုပ်​မယ့်​ကိစ္စ​တွေ
အားလုံးကို ​သေချာ ​ပြောပြထားရဲ့နဲ့..
ကိုယ်​ရူးပြီး..​မျှော်​မှန်းခဲ့တာပဲမလား...။

အသစ်​တစ်​​ယောက်​အတွက်​..entertainment ဘက်​က​နေ...​သေ​သေချာချာ..ထိန်းချုပ်​မယ့်​အရာ
တွေကို ​သေချာသိ​အောင်​​ပြောပြထားလိုက်​ပါ
လို့ manager အစ်​ကိုကို..
လှမ်း​ပြော​နေတာ ကြားလိုက်​ရတဲ့အချိန်​..
စိတ်​ပျက်​လွန်းလို့..studio ထဲက ထွက်​လာခဲ့လိုက်​တယ်​..။

Because He is Byun Baek Hyun ( Zawgyi + Unicode )Where stories live. Discover now