Episode.9

1.2K 209 12
                                    

* Story of the sea *

ကျောင်းဆင်းတဲ့အချိန် ရောက်တဲ့အထိ မိုး တဖြောက်ဖြောက်နဲ့ ရွာကောင်းတုန်း … စောနကလို မသည်းတော့ပေမဲ့ ရွာနေဆဲ…

jongin သူရဲ့lockerထဲက ထီးကို ယူနေတုန်း… မလှမ်းမကမ်းမှာ ရှိနေတဲ့
kyung sooကို လှမ်းကြည့်မိလိုက်တော့ မျက်လုံးပြူးသွားခဲ့တယ်

raincoatရော ဒူးအထိ ရှည်တဲ့ bootsတစ်ရံကိုပါ lockerထဲကနေ kyung soo ထုတ်ယူနေတာကြောင့်ပါ …

ပြီးတော့ အဲဒီပစ္စည်းတွေကို တစ်ခုချင်းစီ ထပ်ဝတ်ဆင်နေတဲ့ kyung sooကို jongin စောင့်ကြည့်နေလိုက်သည် ။

အားလုံး ဝတ်ဆင်ပြီးတာနဲ့ လွယ်အိတ်ပြန်လွယ်ပြီး ထီးတစ်ချောင်းကိုပါ ယူသွားပြန်တဲ့ kyung sooကြောင့် jongin ခွီးခနဲ ရယ်လိုက်မိတော့ … သူ ရယ်သံကို ကြားလိုက်လို့ ထင်တယ်… kyung sooက သူကို လှည့်ကြည့်လာတော့
သူလည်း တွေဝေ မနေဘဲ
kyung sooအနားကို သွားလိုက်သည် ။

ကျောင်းပေါက်ဝဆီ နှစ်ယောက်အတူ ဘေးချင်းယှဉ်သွားနေတုန်း

' မိုးရွာတာ သဘောမကျဘူးလား'

ဆိုပြီး jonginက မေးလိုက်တော့ kyung sooက ခေါင်းခါပြကာ…

'သဘောကျပါတယ် . .ငါ ဒီလိုတွေ ဝတ်ထားတာကြောင့် မေးတာ မှတ်လား'

kyung sooက ပြန်မေးလိုက်တော့ jongin အသာရယ်မိကာ…

'အင်း… မိုးရေ မထိအောင် ပြင်ဆင်နေလို့ သဘောမကျဘူးလားဆိုပြီး မေးကြည့်လိုက်တာ'

'မိုးရွာတာ ကြိုက်တယ်… ရေစိုမှာကိုပဲ မကြိုက်တာ … '

'ဒါပေမဲ့ အခု မိုးမရွာတော့ဘူးလေ'

ကျောင်းပေါက်ဝရောက်တော့ ကောင်းကင်ကို မော့ကြည့်ပြီး jongin ဟြေလိုက်တော့ … kyung sooလည်း ကောင်းကင်ကို ကြည့်လိုက်ကာ…

'တကယ် မရွာတော့ဘူးပဲ … ငါ ဝတ်ထားတာ အလကား ဖြစ်သွားပြီပေါ့လေ!'

လက်လေးနှစ်ဖက်ကို ကာကြည့်ပြီး မျက်နှာလေး စူပုတ်နေဟန်နဲ့ ဟြေနေတဲ့ kyung soo ပါးလေးတစ်ဖက်ကို jongin မသိလိုက်ခင်မှာပဲ အသာလေး သွားဆွဲမိကာ

'ချစ်ဖို့ကောင်းလိုက်တာ!'

သူကို အံသြသလို ကြည့်နေတဲ့ kyung sooရဲ့ မျက်ဝန်းတွေကို သတိထားမိလိုက်မှ
သူ ဘာလုပ်လိုက်မိတာလဲ ဆိုတာကိုပါ jongin သတိရသွားကာ
လက်အမြန် ပြန်ရုတ်လိုက်ပြီး…

Story of The Sea || COMPLETED || Where stories live. Discover now