Episode.8

1.1K 214 14
                                    

* Story of the sea *

'ကဲ…နောက်ဆုံး စာမေးပွဲအတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်တဲ့အနေနဲ့ အကြိုစာမေးပွဲကို နောက်အပတ်ကျရင် ကျင်းပမယ်လို့
ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချလိုက်တယ် …'

စာသင်ချိန် ပြီးဆုံးခါနီးမှာ ဟြေလာတဲ့ ဆရာမရဲ့ စကားကြောင့် ကျောင်းသားတွေဆီကနေ ပွက်လောရိုက်သံတွေ ထွက်ပေါ်လာကြတော့သည် ။

'အဲဒီ အကြိုစာမေးပွဲပြီးရင် အပန်းဖြေခရီးတစ်ခု သွားဖို့အတွက် ကျောင်းက စီစဉ်ပေးထားမှာ!'

အဆိုပါ ထပ်မံဟြေကြားလိုက်တဲ့ ဆရာမရဲ့ စကားကြောင့်… စောနက ဆူညံနေတဲ့ ကျောင်းသားတွေအကုန် ငြိမ်သက်သွားကြသည် ။

'ဘယ်လိုလဲ…အခုကစပြီး စာမေးပွဲအတွက် ပြင်ဆင်ကြတော့မယ် မှတ်လား!'

'Nae!!!!!!'

တညီတညာတည်း ထွက်လာတဲ့ အသံလေးတွေကြောင့် ဆရာမ သဘောကျစွာ ပြုံးကာ ကျောင်းဆင်းလို့ ရပြီဖြစ်ကြောင်းပါ ဟြေကြားလိုက်သည် ။

'kyung soo… မင်းရဲ့ပုံပြင်…'

စောနက နားထောင်ခဲ့တဲ့ သူငယ်ချင်းတွေထဲက တစ်ဦးက ဟြေလာတော့ …

' ခရီးသွားတဲ့အခါကျမှ ဆက်ဟြေပြမယ်လေ… အခုရက်ပိုင်း စာတွေ ပြင်ဆင်ရအုန်းမယ် မှတ်လား!'

ဆိုပြီး Kyung soo ဟြေလိုက်ကာ ထိုသူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည် ။

kyung sooတို့ အုပ်စု ဘာဟြေနေတာလဲဆိုတာ jongin နားစွင့် နားထောင်ပြီးမှ သက်ပြင်းချနိုင်သွားတော့သည်။

အစက စိတ်ပူနေခဲ့တာ… ကျောင်းမှာ မဟုတ်ဘဲ… အခြားတစ်နေရာမှာ သူတို့ စုပြီး ထိုပုံပြင်အကြောင်း ဆက်ဟြေခဲ့ရင် သူ နားထောင်ခွင့်ရတော့မှာ မဟုတ်ဘူးလေ…

အခုကျတော့ ခရီးသွားတော့မှ ဆက်ဟြေတော့မယ်ဆိုတော့ … သူ နားထောင်ခွင့်ရသွားပြီလေ…

အင်း…
ဒါဆို ခရီးမသွားခင် kyung sooနဲ့ ရင်းနှီးခွင့်ရဖို့
သူ ကြိုးစားရအုန်းမယ်…

°°

°°

<> Story of the sea <>

Story of The Sea || COMPLETED || Where stories live. Discover now