Episode.3

1.4K 302 93
                                    

* Story of The Sea *

ပါးပြင်ကို လာထိတွေ့တဲ့ နွေးထွေးသော လက်ဖဝါးပြင်နဲ့အတူ နားထဲမက ရင်ထဲအထိ ဝင်ရောက်လာတဲ့

* ကိုယ် ရှိတယ်…မကြောက်နဲ့တော့နော်* ဆိုတဲ့
သူရဲ့ စကားသံကြောင့် …
kyung sooနှလုံးသားထဲ လုံခြုံမှု ရှိသွားတဲ့ ခံစားချက်တွေ ဝင်ရောက်လာခဲ့သည် ။

<<>> Story of The Sea <<>>

တာဝန်ယူ စီမံရတဲ့ ကိစ္စတွေ … တာဝန်တွေ ပြီးတာနဲ့ ထိုရေသူပေါက်စဆီ လာလာချောင်း … အဲလေ … လာလာ စောင့်ကြည့်ရတာလည်း တာဝန်တစ်ရပ်လို ဖြစ်နေပြီ ။

ယုံကြည်ရတဲ့ ဦးရီးတော်ဆီ အပ်ထားတယ်ဆိုပေမဲ့ … ကံကြမ္မာ အန္တရာယ်ဆိုတာက ဟြေလို့ မရဘူးလေ

မျက်ကွယ်မှာ စိတ်ချလက်ချ မထားနိုင်တာကြောင့်လည်း ပါမယ် … ဒီအတိုင်း တွေ့ချင်နေမိတာလည်း ဖြစ်နိုင်တယ် …

အခုလည်း ကြည့် … ရေယက်လေး ယက်ကာ ယက်ကာ ကူးခတ်ရင်း ငါးလိုက်ဖမ်းနေတဲ့ ကျွန်တော်ရဲ့ဧကရီလေး …

မမိလို့ ထင်ပါရဲ့ …
မျက်နှာလေး စူပုတ်သွားပြန်ပြီ …

သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ငါးအုပ်စုအနားမှာ jongin ရေဝဲတစ်ခု ဖန်တီးလိုက်ပြီး ဒီဘက်ဆီ ကူးခတ်လာအောင် လုပ်လိုက်သည် ။

ရုတ်တရက် ရေဝဲတစ်ခုက သူတို့နားမှာ ပေါ်လာတာကြောင့် … ငါးတွေလည်း လန့်ဖျတ်ကာ သူထက်ငါ အလုအယက်ဖြင့် ရေဝဲနဲ့ ဝေးရာဆီ ကူးခတ်ကြတော့သည် ။

မျက်စိရှေ့နား ရောက်လာတဲ့ ငါးလေးတွေကို ကြည့်ပြီး ပျော်နေတဲ့ ကျွန်တော်ရဲ့ ဧကရီလေး…

သူဆီ အပြုံးလေးတွေ ဖန်တီးပေးရင်း ကျွန်တော်ဆီလည်း အပြုံးတွေ ဖြစ်တည်လာခဲ့သည် ။

<<>> Story of The Sea <<>>

* ဒီည မုန်တိုင်းရှိတယ်လို့ သတင်းကြားတယ် .   ဟိုပေါက်စ အပြင်မသွားလောက်ဘူး ထင်တာပဲ.*
  
ဆိုတဲ့ အတွေးဖြင့် jongin ဒီနေ့တော့ ရေသူပေါက်လေးဆီ မသွားဘဲ နေဖို့ ဆုံးဖြတ်လိုက်သည် ။

Story of The Sea || COMPLETED || Where stories live. Discover now