🌵Part 10🌵(Zaw/Uni)

Start from the beginning
                                    

"မဆိုးပါဘူး...နောက်​နေ့တွေလည်းဒီလိုအရ
သာဖြစ်​အောင်​ဖျော်​...ကြားလား"

"ဟု....ဟုတ်​"

San၀မ်းသာအားရခေါင်းညိတ်​ပြမိသည်​။ဒါနှစ်
ပါတ်​အတွင်းမှာပထမဆုံး အကောင်းပြောတာ
မို့။အမှန်​ဆိုဒီလောက်​ပျော်​နေစရာမလိုတာကို
ဘာလို့ပျော်​နေမိလဲSanကိုယ်​တိုင်​မသိ။နောက်
ထပ်​ထူးဆန်းတာတစ်​ခုက ကိုယ့်​ကိုလက်​စားချေ
ဖို့ဆိုတဲ့အတွေးနဲ့လက်​ထပ်​ထားပြီးမညှာတာ
တတ်​တဲ့ကိုကို့အပေါ်Sanကြောက်​တာကလွဲရင်
အနည်းငယ်​တောင်​မုန်းနေတာမျိုးမရှိပေ။

ကိုကိုကပြောပြီးတာနဲ့ကော်​ဖီဆက်​သောက်​နေ
သည်​ကိုSanငေးနေမိသည်​။ကိုကိုကဘာလို့များ
appaအပေါ်အငြိုးထားလဲဆိုတာကိုလဲSanအတိအကျသိချင်​နေမိသလိုommaတို့ကိုလဲလွမ်း
သည်​။ငယ်​စဉ်​အချိန်​ကတည်းကSan..omma
နဲ့အခုလောက်​အကြာကြီးခွဲမနေဘူး။ကျောင်းက
လေ့လာရေးသွားရင်​တောင်​Phတော့ဆက်​လို့ရ
သေးသည်​လေ...အခုကommaအသံကိုမကြားရတာတောင်​နှစ်​ပါတ်​ရှိနေပြီ.....ဟင်းးးးးးးးးးး

"Ya!!"

ရုတ်​တရက်​အော်​လာတဲ့ကိုကို့ကြောင့်​San
အတွေးလွန်​နေရာမှ...

"ဘာ...ဘာဖြစ်​လို့လဲဟင်​.."

"မင်းကိုငါပြောနေတာမကြားဘူးလား!"

သေတော့မှာပဲ...Sanအတွေးလွန်​နေခဲ့တာမို့ကိုကိုဘာပြောလိုက်​မှန်းတကယ်​မသိ။အခုချိန်​မကြား
ဘူးလို့ပြောလိုက်​ရင်​ ကိုကိုဒေါသထွက်​သွား
မှာလား....မသိဘူးကွာ ကြားမှမကြားလိုက်​တာ

"ဟို...မကြား...မကြားလိုက်​ဘူးကိုကို"

ပြောတော့မျက်​မှောင်​ကျုံ့ကြည့်​လာကာ..နောက်
တော့သက်​ပြင်းတစ်​ခုချရင်း....

"နေ့လည်​ငါ့အခန်းထဲကိုရှင်းထားလို့ပြောနေတာ...."

"ဟုတ်​"

"နောက်​တစ်​ခါငါ့နားမှာရှိနေရင်​တခြားကိုတွေးမ
နေနဲ့ငါမကြိုက်​ဘူး.."

"ဟုတ်​.."

ပြောပြီးတာနဲ့ထွက်​သွားသောEun...
ကိုကိုထွက်​သွားမှSanသက်​ပြင်းချမိသည်​။တော်​သေးတာပေါ့ ဘာမှမလုပ်​သွားလို့...

🔮 Again 🔮[Both Zaw&Uni(completed)]   Where stories live. Discover now