ကျေးဇူးတင်​ပါတယ်​ jun ကိုယ့်​ကို
တစ်​​ယောက်​ထဲ မထားခဲ့လို့.....။

Yixing ကျလာတဲ့မျက်​ရည်​​တွေကို
သုတ်​လိုက်​ပြီး အ​တွေး​တွေထဲက ရုန်း
ထွက်​လိုက်​သည်​။

နိုးမလာ​သေးတဲ့ Junmyeon ကို
Yixing ​ခေတ္တထားခဲ့ကာ ဆာကူရာ
ဂိုဏ်းနှင့်​ပတ်​သက်​သည်​များ ရှင်းလင်း
ရမည်​မို့ အခန်းထဲက ထွက်​ခွာခဲ့လိုက်
သည်​။

____

အနဲငယ်​ ခပ်​​ပြေ​ပြေမြင့်​တဲ့ ​တောင်​ကုန်း
လေးရဲ့အစိမ်း​ရောင်​ အပင်​​လေး​အရိပ်
အောက်​မှာ Junmyeon ထိုင်​​နေတဲ့
Wheelchair ​လေးကို လက်ေ​တွနဲ့ခပ်
တင်းတင်းဆုတ်​ကိုင်​ထားတဲ့ yixingက
တစ်​​နေရာကို ​ငေးလို့​နေတယ်​။

"လှတယ်​မဟုတ်​လား jun....အစက
တော့ အကုန်​ပြီးမှ ပြမလို့ပဲ...ဒါ​ပေ
မဲ့ jun စိတ်​​ပြေလက်​​ပျောက်​ ဖြစ်​​အောင်
ကိုယ်​ ​ခေါ်လာပြတာ...."

စံအိမ်​ရဲ့ အ​နောက်​ဘက်၅ဧက​လောက်
ကျယ်​တဲ့ ကွင်းပြင်​ကျယ်​ကြီးမှာ အစိမ်း
ရောင်​ အပင်​တစ်​ချို့ ​နေရာယူထားတယ်​။

"အဲ့တာ...ဘာပင်​တွေလည်း..xing"

ဒဏ်​ရာအရှင်းမ​ပျောက်​​သေးတဲ့ Junmyeon
အသံက တိုး​ဖျော့လို့​နေတယ်​။yixing
,Junmyeon ရဲ့ wheelchair ​လေး​ရှေ့မှာ
ဒူးတစ်​​ဖက်​​ထောက်​ထိုင်​လိုက်​ပြီး Junmyeon
ကိုအ​တောက်​ပဆုံးပြုံးပြကာ ​မော့ကြည့်​​နေ
လိုက်​တယ်​။

"အပင်​ကြီး​တွေက Hawthornပင်
တွေ​လေ....သူ့​အောက်​က အပင်
လေး​တွေက lily of the valley ​တွေ
နှစ်​ပင်​လုံးက ​မေလမှာပဲ ပွင့်​ကြတာ..
ကိုယ်​ပျိုးထားတာ အ​တော်​ကြာပြီ ​နောက်
လ jun ​မွေး​နေ့ဆို နှစ်​ပင်​လုံးပွင့်​ကြ​တော့
မှာ jun ​လိုပဲ ပန်း​လေး​တွေက ဖြူဖြူ
လေး​တွေ...jun သ​ဘောကျတယ်​မဟုတ်
လား...."

အောက်​ဘက်​က မျက်​စိတစ်​ဆုံး ​နေရာယူ
ထားတဲ့ ခပ်​စိမ်းစိမ်​ အပင်​​တွေကို ကြည့်​ရင်း
Yixing က ပြုံးရွှင်​စွာ​ပြော​နေသည်​။yixing
ကို Junmyeon ကို​ခေါင်းငြိမ့်​ပြလိုက်​ပြီး အ
တော်​ကြာစိုက်​ကြည့်​​နေမိသည်​။

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now