- 17 -

7.9K 1K 96
                                    

Dancing On Your Heartbeat ( 17 )

Unicode

ဘာကြောင့်ရယ် မသိ ပစ္စည်းလေးတွေ ကြည့်နေရင်း
ရင်ထဲမှာ ကြည်နူးနေမိသည် ။ ချစ်ရတဲ့သူကို လက်
ဆောင်ပေးရမည် ဆိုသည်မှာလည်း ရင်ခုန်စရာတစ်
မျိုးပဲ မဟုတ်လား ။

" ညီမ ဒီ Jean Coat လေးကို တစ်ချက် ပြပေးလို့
ရမလား "

ဂျောင်ကု လိုချင်တဲ့ မျက်လုံးတို့ဖြင့်ကြည့်ခဲ့သော ဒီ
Jean Coat လေးကိုပဲ ရွေးလိုက်ဖို့ စဥ်းစားထား
လိုက်သည် ။

များသောအားဖြင့် Hoodie တွေသာ ဝတ်လေ့ရှိတဲ့
ဂျောင်ကုက ဒီလို Jean Coat နဲ့သာဆို ဘယ်
လောက်လိုက်မလဲဟု တွေးရင်း သဘောကျနေ
မိသည်  ။

" အစ်ကို ဒီမှာပါ ... "

အရောင်းဝန်ထမ်းမ လေးက Jean Coat ကို ယူကာ
ဂျီမင်းကို ပြသည် ။

" လှလိုက်တာ"

" အစ်ကို ဝတ်မှာလား "

" မဟုတ်ဘူး ကျွန်တော့် ချစ်တဲ့သူ တစ်ယောက်
အတွက် "

" အော် အစ်ကိုရဲ့ သူငယ်ချင်းအတွက်လား ? "

ဂျီမင်းက ဘာမှ ပြန်မပြောဘဲ သူမ ကို ပြုံးပြ
လိုက်သည် ။

" ဒါလေးယူမယ် ပြီးတော့ လက်ဆောင်ပေးမှာမို့
ပါကင်လေး ထုတ်ပေးနိုင်မလား ? "

" ဟုတ်ကဲ့ "

ဂျီမင်းက ဒီလက်ဆောင်လေးထဲက ပစ္စည်းကိုသာ
ဂျောင်ကု မြင်ရင် ဘယ်လောက်တောင် ပျော်နေ
မလဲဆိုတာ တွေးကြည့်ရင်း ပြုံးနေမိသည် ။

" အစ်ကိုက လက်ဆောင်ရမယ့်သူထက်တောင် ပို
ပျော်နေသလိုပဲ "

ဂျီမင်းက ပိုက်ဆံရှင်းရင်း အရောင်းဝန်ထမ်းလေး
ပြောတဲ့ စကားကို ရီမိသည် ။

" ဟုတ်မယ်ထင်တယ် ။ ကျေးဇူးပါဗျာ ... "

ဂျီမင်းက အိတ်ကို ယူကာ ဆိုင်ထဲက ထွက်လာခဲ့
သည် ။

                                     //

" အစ်ကို ဟိုဆော့ရေ ပြန်လာပြီ "

အိမ်ထဲက ဘာသံမှမကြား ။

" အစ်ကို အပြင်သွားတယ်ထင်တယ် ။ "

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now