- 6 -

8.9K 1.2K 82
                                    

Dancing On Youe Heartbeat ( 6 )

Unicode

နာရီသံ ချက် ချက် ချက် မြည်နေသည်မှာ တိတ်ဆိတ်
နေတဲ့အခန်းထဲမို့ ထင်ရှားစွာ ကြားနေရသည် ။

နာရီသံနှင့် အတူ ရင်ခုန်သံတွေကလည်း စည်းချက်
ညီညီ ခုန်နေတာကို ပြန်ကြားနေရသည် ။

သူ့ မျက်လုံးတွေ နှုတ်ခမ်း ၊ သူနဲ့ပက်သတ်သမျှ
အစိတ်အပိုင်းမှန်သမျှကို တွေးမိတိုင်း ရင်တွေခုန်
ရလွန်းလို့ ။

အချိန် မြန်မြန်ကုန်ချင်သည် ။ မြန်မြန်လည်း မိုးလင်း
ချင်သည် ။ သူနဲ့လည်း မြန်မြန် တွေ့ချင်နေပါပြီ ။
တစ်စက္ကန့်လေးတောင် မတွေ့ရရင် မနေနိုင်ဘဲ လွမ်း
နေတာမို့ မူးယစ်ဆေးထက်ကို စွဲလမ်းနေပါပြီ ။

ဒါက ဘာရောဂါများပါလဲ ။ အမည်လည်း မသိသလို
ကုရာနတ္တိဆေးမရှိခဲ့ ။

" ပတ်ဂျီမင်း ! "

ဟိုဆော့ ၏ ရုတ်တရက်ခေါ်သံကြောင့် ဂျီမင်းက
လန့်သွားမိသည် ။

" ဟမ် ! "

" အယ် တစ်ခုခုတွေးနေပုံပဲ ။ အိပ်မပျော်ဘူးလား ? "

" အင်း ... "

အသံခပ်တိုးတိုးနဲ့ ဖြေလိုက်သည် ။

" ဘာကိစ္စရှိလို့လဲ ? "

ပြောရမှာလည်း မပြောကောင်း ။ ဂျောင်ကု လှုပ်ရှား
နေတဲ့ ပုံရိပ်တွေက မျက်လုံးထဲကမထွက် ။ ပတ်ဂျီ
မင်း ဒုက္ခလှလှကတော့ အသေးစိတ်က အစ မြတ်နိုး
မိနေတာပါပဲ ။

" မဟုတ်မှလွဲရော ? "

ဟိုဆော့က ရုတ်တရက် အထူးအဆန်း ပြောလာတာ
ကြောင့် ဂျီမင်းက လန့်သွားသည် ။

"ဘာလဲ !! ဘာမှမဟုတ်ဘူးနော် လျှောက်တွေးမနေ
နဲ့ဦး ! "

ဂျီမင်းက အိုးမလုံအုံပွင့် အမြန် ရှေ့ကာ ကြိုကာ
ထားသည် ။

" အမယ် ငါဘာပြောရသေးလို့လဲ ? တစ်နေရာရာက
များ နေမကောင်းဖြစ်နေလို့လားလို့ မေးမလို့ဟာကို "

" အာ မဖြစ်ပါဘူး ။ ဒီတိုင်းအိပ်မပျော်လို့ "

" အိပ်တော့ အိပ်တော့ ။ မနက်ဖြန် ကင်နမ်ဂျွန်ရဲ့မွေး
နေ့ ရှိတယ် ။ ငါတို့ အစောကြီးကတည်းက အဲ့မှာအုပ်
စုလိုက် သွားကူကြမယ် ။ ပျော်စရာကြီးကွ ! "

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now