- 10 -

8.3K 1K 64
                                    

Dancing On Your Heartbeat ( 10 )

Unicode

Class ကို ရောက်ရောက်ချင်း အမောတကောနဲ့
အခန်းထဲကို ပြေးဝင်သွားမိသည် ။ ဂျီမင်းက ဘယ်
သူမှ မရှိဘဲ နမ်ဂျွန် တစ်ယောက်တည်း ထိုင်နေတာ
ကို တွေ့လိုက်ရသည် ။

" အစ်ကို ! ဂျောင်ကု ဘာဖြစ်တာလဲ !!!!! "

ဂျီမင်းက အလောတကြီးနဲ့ နမ်ဂျွန့်ဆီကို သွားကာ
မေးလိုက်သည် ။

" ကနေရင်း လဲကျသွားတာပဲ ။ ဟိုဆော့တို့ ဆေးရုံ
ကို အတူ ပါသွားတယ် "

" ကျွန်တော် လိုက်သွားမယ် ... "

ဂျီမင်းက လှည့်အထွက်ဖို့ အလုပ်မှာ နမ်ဂျွန်က တား
လိုက်သည် ။

" လိုက်မသွားပါနဲ့တော့ကွာ ... ထားလိုက်ပါ "

နမ်ဂျွန့် မျက်နှာက အခြေအနေမကောင်း ။ ဂျီမင်းရဲ့
စိုးရိမ်တာတွေက ပိုဆိုးလာသည် ။

" မဟုတ်ဘူး ။ လိုက်သွားရမှာပေါ့ "

" မဟုတ်ဘူး ဂျီမင်း ။ မင်းသွားလည်း မထူးဘူး ။
သူက အခုလေးတင်ပဲ ... "

" မဖြစ်ဘူး ! ကျွန်တော့် မျက်လုံးနဲ့ သေချာပေါက်
ကြည့်ဦးမှာ ... "

ဂျီမင်းက Class ထဲက အပြင်ကို ထွက်လာပြီး Taxi
ကို အမြန်တားလိုက်သည် ။

"ကားဆရာ ! ကျွန်တော့်ကို မြန်မြန်လေးပို့ပေးပါ ! "

ဂျီမင်း စိတ်ကလည်း လောနေမိသည် ။ မကောင်း
တာတွေလည်း မတွေးချင်ပေမယ့် ဒါတွေပဲ အတွေး
ထဲ ဆက်တိုက် ရောက်လာပြန်သည် ။

" မဖြစ်ဘူး မဖြစ်ဘူး !!! ကျေးဇူးပြုပြီး ဂျောင်ကု
ရယ် ... "

                                      //

ဂျီမင်းက ဆေးရုံရှေ့ ရောက်သည်နှင့် Reception
ဌာနကို တစ်ဟုန်ထိုး အမြန် ပြေးတော့သည် ။

" ဒီမှာ .. ဒီမှာ ဂျွန်ဂျောင်ကု ဆိုတဲ့ လူနာရှိပါသလား ? "

" ခဏလေးနော် ... "

ဂျီမင်းက စိတ်လောနေတာမို့ ရှာနေသည့် ဝန်ထမ်း
ကောင်မလေး က အချိန်ဆွဲနေသလိုပင် ။
စက္ကန့်ပိုင်းမျှအကြာ -

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now