နက်​​မှောင်​​သောဆံ​ပင်​များကို​ဂျယ်​အကူအညီဖြင့်​​နောက်​လှန်​ဖြီးထားပြီး မျက်​​တောင်​ရှည်​​လေးများကာရံထား​သောမျက်​၀န်းထဲမှမျက်​စံအညို​ရောင်​​လေး ၊ ၆​ပေ​ကျော်​​ကျော်​ရှိ​သောအရပ်​အ​မောင်း ၊ နို့နှစ်​​ရောင်​အသားအရည်​နှင့်​ ​တောင့်​တင်း​သောBody Structureတို့ကပြီးပြည့်​စုံ​သော​ယောက်ျား​လေးတစ်​​ယောက်​၏ပုံစံလက္ခဏာမျိုးပင်​..

တစ်ကျောင်းလုံးနီးပါး မသိသူမရှိဟုဆိုရလောက်အောင်နာမည်ကြီးလေသည်။ထိုထဲတွင်စာကြမ်းပိုးဒီရေနှင့် ဒီရေကလွဲမသိသောလျှမ်းဆက်တို့မပါချေ ။
ထိုသို့SKBဖြစ်​​သော်​လည်း Final Kingသည် FA ဖြစ်သည်။(ဖောအဲဗားအလွင့်ကိုပြောတာပါနော်)
ရုပ်ချောသလောက်အဖိုးကြီးတစ်ယောက်လိုမျိုး ဇီဇာ​ကြောင်နေခြင်းက FA ဖြစ်လာဖို့အကြောင်းပြချက်ပင်ဖြစ်တော့သည်။

Final Kingပြန်​သွားပြီး အခန်းECကအတန်း​ရှေ့ထွက်​ကာ အတန်း၏ဆူညံ​နေမှုကိုထိန်းရန်​ စားပွဲခုံကိုလက်​ဖဝါးဖြင့်​၂ချက်​​လောက်​ဆင့်​ရိုက်​လိုက်​သည်​...ထိုအခါမှ မီးကို​ရေနှင့်​ငြှိမ်းလိုက်​သကဲ့သို့ တိတ်​ဆိတ်​သွား​လေသည်​...
ထို့​နောက်​ECမှ...

"Basketballကစားမယ့်​သူ​တွေပထမအချိန်​ပြီးရင်​အားကစားရုံကိုလာခဲ့ပါတဲ့.."

ECက​ပြောပြီးပြီးချင်းသူ့စာသင်​ခုံသို့ပြန်​သွားသည်​...
အတန်းထဲတွင်​လည်းစကား​ပြောသံများနှင့်​ပြန်​ဆူညံလာ​လေသည်​..
ဒီအ​ခြေအ​နေများကိုလုံးဝမသိသူက​တော့ လျှမ်းဆက်​...
အိပ်​​နေတာလည်းဆင်​​အော်​လျှင်​​တောင်​နိုးမည့်​ပုံမ​ပေါ်..စာအုပ်​​ပေါ်တွင်​လည်းသ​ရေများကျလျက်​...

ဒီ​ရေတစ်​​ယောက်​ လျှမ်းဆက်​ဘက်​လှည့်​ကာ...

"​ဟျောင့်​..လျှမ်းဆက်​..ထ​တော့"
ပြောလည်း​ပြော လျှမ်းဆက်​ရဲ့ နားရွက်​ကားကား​လေးကိုလည်းဆွဲလိမ်​လိုက်​သည်​..

ထိုအခါမှလျှမ်းဆက်​ ကမူးရှုးထိုးနှင့်​ထကာ..
"ဘာလဲကွာ..ငါအိပ်​​ရေးမ၀လို့အိပ်​​နေပါတယ်​ဆိုမှ.."

CAN I............(Completed!)Where stories live. Discover now