စိတ်​အိုက်​လာပြီမို့ အခန်းပြင်​ဘက်​သို့ ထထွက်​လာမိသည်​ မြင်​လိုက်​ရတဲ့မြင်​ကွင်းက ​အော့အန်​ချင်​စရာ
အရမ်း​တွေကြည်​နူးပြ​နေတဲ့ ချစ်​သူနှစ်​​ယောက်
ကောင်​​လေးက​တော့ လက်​ပြနှုတ်​ဆက်​ပြုံးပြကာ ထွက်​သွား​လေသည်​ ​ကောင်​မ​လေးက​တော့ သူရှိသည့်​ဘက်​ကို ​စည်းချက်​မှန်​မှန်​​လေးဖြင့်​​လျှောက်​လာ​နေသည်

' မင်း ဒီလမ်းကို​ရွေးတာကိုက ကံဆိုးတာဘဲ
မဟုတ်​ဘူး ကံတရားက မင်းဘက်​မှာကိုမရှိတာ'

သူ​ခြေထိုးလိုက်​တာ​ကြောင့်​ ​ကောင်​မ​လေးခမျာ ခလုတ်​တိုက်​ကာ လဲကျသွားသည်
ဘောင်းဘီအိတ်​ထဲ လက်​ထည့်​ကာ ကြည့်​​ကောင်း​ကောင်းနှင့်​ ကြည့်​​နေမိသည်​ ဖြစ်​ပျက်​သမျှကို မြင်​​တွေ့​နေရသည်​မို့ အ​ပြေး​ ​လေးထွက်​လာတာက Hoseok

Taehyung - သွားမယ်​ Hobi ​လေး ဟိုအ​သေး​လေးကိုပါ​ခေါ်လိုက်​ သွားမယ်​လို့

သူတို့နှစ်​​ယောက်​​ပြောသမျှကို စကားတစ်​ခွန်းမှ မဆိုဘဲ ကြည့်​​နေသည့်​ သူမအား တစ်​ချက်​ပြုံးပြကာ လှည့်​ထွက်​လာခဲ့သည်
နောက်​မှ အ​ပြေး​လေးလိုက်​လာသည့်​ Hoseok နှင့်​ jimin ပုခုံးကိုဖတ်​ကာ ​အောင်​နိုင်​သူကြီးလို ထွက်​လာခဲ့သည်
ထိုစဉ်​........

" ​တောင်းပန်​ပါ "

Taehyung ပြုံးလို​က်​မိသည်
နောက်​ကိုလှည့်​မကြည့်​ဘဲ ​ရှေ့ကိုသာဆက်​​လျှောက်​လာခဲ့သည်​ တရားသမားနှစ်​​ယောက်​က​တော့ မျက်​စိပျက်​ မျက်​နှာပျက်​ဖြင့်​ တစ်​ဖက်​​ကောင်​မ​လေးကို အားနာ​နေကြသည်

**************

ဒီပါးစပ်​ ဒီပါးစပ်
ပြောဖြစ်​​အောင်​ ​ပြောမိလိုက်​​သေးတယ်​​နော်
ဘယ်​တုန်းကများ အ့​လောက်​သတ္တိ​တွေရှိလာရတာလဲ
ဘယ်​သူက နင့်​ကို အ​လေးထားဆက်​ဆံမှာလဲ
နင်​ကအမှိုက်​ဘဲ ဘာတဲ့
တောင်းပန်​ပါ ဟုတ်​လား နင်​အရမ်းရီရတယ်​ဟာ
သူမ ရင်​နာနာနှင့်​ပြုံးလိုက်​မိသည်
မျက်​ဝန်းအိမ်​ထဲ မျက်​ရည်​များပြည့်​လျက်
ဘယ်​ဘဝက ကုသိုလ်​ကံ​ကြောင့်​လဲ
ဘာလို့ သူများအနှိမ်​ခံဘဝနဲ့ဘဲ​နေ​နေရတာလဲ....
သွားစရာရှိတာကို ဆက်​မသွား​တော့ဘဲ
သူမ အိမ်​ပြန်​လမ်းကိုသာ ​ရွေးလိုက်​​တော့သည်
ရောက်​သည်​နှင့်​ ​မေ့​မေ့အား ​ပွေ့ဖက်​ကာ တစ်​​နေ့တာ ပင်​ပန်းလာသမျှ အ​မော​ဖြေရသည်
( သူ့အ​မေကို ဘာနာမည်​​ပေးရမှန်းမသိဘူး )

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontDonde viven las historias. Descúbrelo ahora