အပိုင်း {၁၇}

2.4K 301 17
                                    


~ ဟော.... ဟိုမှာ မင်းရဲ့ ဘဲကြီး လာပါပြီ... ~

နံဘေးက Luhan ရဲ့ ခပ်တိုးတိုး ရွဲ့ပြောသံကြောင့် လှည့်ကြည့်လိုက်မိတော့ ကားပြတင်းပေါက်ကို မှီကာ လက်လှမ်းပြတဲ့ Jongin...

~ခဏစောင့် ပြီးတော့မယ်~ ဟု ပါးစပ်လှုပ်ရုံပြောပြီး ရှေ့ကို ပြန်လည်အာရုံစူးစိုက်လိုက်ရသည်...

သိပ်မကြာလိုက်ခင်မှာပဲ မျက်စိရှေ့က ရိုက်ကွင်းက ပြီးဆုံးသွားတာမို့ ဒါရိုက်တာကြီးကိုရော ရိုက်ကွင်းက လူတွေကိုပါ နှုတ်ဆက်ရင်း ထွက်လာလိုက်သည်..

Luhan ကတော့ လုပ်စရာရှိသေးလို့ဟုဆိုကာ ရိုက်ကွင်းထဲ ယောင်လည်လည် လုပ်ရင်း ကျန်ခဲ့လေရဲ့..

သေချာတာကတော့ Luhan လုပ်စရာရှိတယ်ဆိုတာ ဒီရုပ်ရှင်ထဲမှာ ပါတဲ့ တက်သစ်စ သရုပ်ဆောင်လေး Oh Sehun အား ငမ်းမည့်အလုပ်ဆို တာ တွေးကြည့်ရင် ပြေးကြည့်တာ ထက်မြန်သည်..

တခြားရိုက်ကွင်းတွေဆို လိုက်လေ့လာဖို့ ပျင်းနေတတ်တဲ့ Luhan ဟာ Oh Sehunရှိသည့် ရိုက်ကွင်းဆိုလျှင်တော့ ဖလန်း ဖလန်း ဖြစ်နေတတ်သည် မဟုတ်ပါလားလေ..

ကိုယ့် အတွေးနဲ့ ကိုယ် ပြုံးလိုက်မိတာ Jonginရပ်နေတဲ့ ဆီရောက်တော့ နဖူးကို ခပ်ဖွဖွတောက်ခံလိုက်ရသည်..

~ဟေ့!... တစ်ယောက်တည်း ပြုံးစိစိနဲ့ ဘာတွေ တွေးပြီး ပြုံးနေတာတုန်း...~

~ Luhan အကြောင်းပါ.... ~

~ဘာလဲ.. အခုရော အဲ့တစ်ယောက် ပါမလာပုံထောက်ရင် ဟိုမင်းသားကို ငမ်းကျန်ခဲ့ပြန်ပြီလား.. ~

~ အင်း..ဟုတ်တယ်.... ~

~ကဲ ... ကဲ.. လာ ဖွန်ကြောင်နေတဲ့ တစ်ယောက်အကြောင်း တွေးမနေနဲ့တော့ ကားပေါ်တက်..~

ကားတံခါးဖွင့်ရင်း ပြောလာတဲ့ စကားကြောင့် လက်မောင်းကို ဖြန်းခနဲ ရိုက်ပစ်လိုက်ရင်း

~ Jongin နော် ... သူများကို ... ဘာ ဖွန်ကြောင်တယ်တုန်း.. အဲ့ဒါကြောင့် နှစ်ယောက်မတည့်ကြတာ... ~

Kyung Soo ဘုတောတောတော့ ရယ်ရင်း

~ မဟုတ်လို့လား Kyungie ကလည်း...  မနက်ကလည်း ဒီရိုက်ကွင်းကို သူငမ်းချင်တာနဲ့  အစောကြီး သွားကြတယ်လေ.. အခုလည်း သူပဲ  ငမ်းကျန်ခဲ့တာ မလား... ~

My....Where stories live. Discover now