အပိုင်း {၉}

2.5K 351 63
                                    


Shin's Point Of View...,

Kyungie ကို ကျောခိုင်းထွက်လာခဲ့ပေမယ့် Shin နောက်ကျောမလုံ သလို ခံစားနေခဲ့ရသည်...

Kyungie ပြောသည့် စကား အားလုံး ကို Shin နားလည်သဘောပေါက်သည်..

Jong နှင့် ပက်သက်ပြီး ပြောစရာ ဝန်ခံစရာတွေ ရှိနေသော်လည်း Kyungie ရှေ့တွင် မျက်နှာပြောင် တိုက်ကာ ငြင်းဆန်ဖြစ်ခဲ့သည်..

* ငါ မလွန်ဘူး ထင်တယ်.... Kyungie....  ငါ နဲ့ Jong ကြား ဖြစ်ပျက်သမျှ ကိစ္စတွေကို နင် မစွက်ဖက်ပါနဲ့..*

ကျောခိုင်း ထွက်လာရင်းကပင် သူမတီးတိုး ရေရွတ်လိုက်မိသည်....

သူမ ဒီတစ်လော Jong နဲ့ မတွေ့ဖြစ်သည်မှာ အတော်ပင် ကြာနေပြီ .....

Jong ချိန်းလိုက်တိုင်း သူမ ဘက်က ပျက်ကွက်မိခဲ့သည် ချည်းသာ...

ကိုယ်တိုင်က မပျက်ကွက်ချင်ပေမယ့် အခု ဖြစ်နေတဲ့ အဖြစ်အပျက် အချို့ကို မတော်လှန်နိုင်၍သာ...
.
.
.
.
.
.
.
.
.

  ~ ဒီလိုတွေ လုပ်ခိုင်းနေတာ သိပ် ပုံစံမကျဘူး ထင်တယ် မာမီ..~

  Shin.. မာမီ နဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်ရင်း မကျေမနပ် မေးမိတော့ သတင်းစာ ဖတ်နေတဲ့ မာမီက မျက်လုံး လှန်ကြည့်လာသည်..

  ~ ဘာကို ပုံစံ မကျဘူးလို့ မာမီ့သမီးက စွပ်စွဲချင်ရတာလဲ ..~

~ Kang Jae Woo နဲ့ သမီးကို အခုလို အပြင်ကို ခဏခဏ သွားခိုင်းနေရတာ ကို ပြောတာ မာမီ..~

သားအမိနှစ်ယောက် ဧည့်ခန်းထဲ တီးတိုး ပြောနေကြခြင်း ဖြစ်ပေမယ့် အကြောင်းအရာကတော့ ပြင်းထန်နေပြီ ဖြစ်သည်..

Kang Jae Woo ဆိုတာ အခြားသူမဟုတ် ..
ဒယ်ဒီ့ ကုမ္ပဏီ က ရှယ်ယာရှင် တစ်ဦးရဲ့သား...

Kang Jae Woo ဖခင်၏ ရှယ်ယာတွေက ဒယ်ဒီ့ ကုမ္ပဏီမှာ 30% ကျော်တာမို့ ငွေမက်သည့် Shin ရဲ့ မာမီ အတွက်ကတော့ သမက်ဖမ်းချင်စရာ ...

သူကလည်း Shin တို့ အိမ်ကို အကြောင်း အမျိုးမျိုး ပြကာ ဝင်ထွက်သွားလာနေပြန်တာမို့ မာမီ ကတော့ တပြုံးပြုံး ဖြစ်နေလေသည်..

ထို့ပြင် Kang Jae Woo တောင်းဆိုသော အကူအညီများ ကိုလည်း အကုန် ကူညီရန် ဟုဆိုကာ Shin နှင့် သူ နှစ်ယောက် တွေ့ဆုံစေရန် မာမီ ကိုယ်တိုင်က လမ်းကြောင်းနေခဲ့သည်ပဲ..

My....Where stories live. Discover now