အပိုင်း {၆}

2.2K 344 69
                                    


     ဒီနေ့ အထက်တန်း နောက်ဆုံးနှစ်အောင်စာရင်း ထွက်ပြီးတာ တစ်ပတ်တိတိ ပြည့်တဲ့နေ့....

မိုးတဖွဲဖွဲ ကျနေပေမယ့် Jongin က ဖုန်းဆက် ချိန်းတာကြောင့် လမ်းထိပ်က Coffeeဆိုင်မှာ စောင့်နေဖြစ်သည်...

အမှန်တော့ Kyung Soo Jongin ကို မတွေ့ရတာ ဒီနေ့ အထိဆိုလျှင် တစ်ပတ်တိတိပင်...

အောင်စာရင်း ထွက်သည့်နေ့ကတည်းက Omma နဲ့ အတူ Busan က Appa မိဘတွေဆီ လိုက်သွားရတာမို့ နှုတ်တောင် မဆက်ဖြစ်ခဲ့..

အခုလည်း Jongin ဆီက ဖုန်း ဝင်လာတာမို့ ကပျာကယာ ထွက်ခဲ့တာ....

Coffee က အဆိပ်လို့ ပြောတတ်တဲ့ Jongin အတွက် အအေး တစ်ခွက်သာ မှာထားရင်း ထိုင်စောင့်ဖြစ်သည်။....

သိပ်မကြာခင်မှာ ဆိုင်ထဲ ဝင်လာတဲ့ Jongin  ကြောင့် ပြုံးလိုက်မိသည်။..

ဒါပေမယ့် ထို အပြုံးတွေက Jongin နောက်မှာ ကပ်ပါလာတဲ့ Shin ကို မမြင်ခင် အထိပဲ ကြာရှည်ခံလိုက်သည်...

~ ရောက်နေတာ ကြာပြီလား Kyungie...ဒီ အအေးကရော Jong အတွက်လား...~

ပြုံးတုံ့တုံ့ နဲ့ မေးလာတဲ့ Shin ကို ခေါင်းသာ ငြိမ့်ပြလိုက်သည်...

~ Kyungie တို့ကတော့ Jong အတွက်ကျ မှာပေးထားပြီး ငါ့ အတွက်ကျ မပါပါလား... ~

ဂျစ်တစ်တစ် မျက်နှာပေးနဲ့ သူမရဲ့ စကား အသွားအလာတွေက ဘယ်ကို ဦးတည်နေသည်လဲ..

~ Jongin ငါ့ကို ဖုန်းဆက်တုန်းက နင်ပါမယ် လို့ မပြောခဲ့ဘူးလေ Shin ... ပြီးတော့ နင်ပါမယ် လို့ ကြိုပြောခဲ့ရင်တောင် နင့် အကြိုက်ကို ငါ မသိတဲ့ အတွက် မှာပေးထားမှာ မဟုတ်ဘူး... ကဲပါ... ရောက်လာပြီဆိုတော့ နင်ကြိုက်တာမှာလေ ငါ ကျွေးပါ့မယ် .. ~

~ ဟင်း... ထားပါလေ.... ဒီနေ့ နင်ကျွေးစရာ မလိုပါဘူး Kyungie ရဲ့.... Jongကျွေးလိမ့်မယ် အဟင်း...~

Jongin က ရှက်ပြုံးနှင့် ပြောနေတဲ့ Shin ရဲ့ ခေါင်းကို လှမ်းပုတ်ကာ ပြုံးပြီး...

~ ဟုတ်တယ် ဒီနေ့ ငါကျွေးမယ် Kyungie..~

ထို ခဏလေး အတွင်းမှာပင် Jongin နဲ့ Shin ကြား တစ်ခုခု ရှိမည်ဟု Kyung Soo ခန့်မှန်းမိလာသည်။ ...

My....Where stories live. Discover now