05

4.9K 496 1
                                    

ရှက်ကာမျက်နှာတစ်ခုလုံး
နီရဲလာသောကောင်လေးအား
မြိုချချင်လာသည်

ဖက်နမ်းချင်သည့်စိတ်အား
ထိန်းရန်..အရှေ့မှထွက်လာခဲ့သည်..

"တစ်ခန်းတည်းယူမိတာမှားများမှားသွားပြီလား..
မနေနိုင်လို့ဖက်နမ်းမိရင်ငါပဲ..ရင်ကျိုးရမှာ"

"၃နှစ်တောင်အရိပ်တကြည့်ကြည့်နဲ့နေလာခဲ့ပြီးပြီပဲ
ငါဘာတွေမရောင့်ရဲနေတာလဲ..."

အတွေးများခေါင်းထဲကနေထုတ်ကာ..
ညနေစာစားဖို့..
ထွက်လာခဲ့သည်

အခန်းထဲမှကောင်လေးကတော့
အိပ်ရတာပျင်းသွားသည့်နှယ်

အနွေးထည်လေးဝတ်ပြီး
ဝရံတာဘက်ထွက်နေလေသည်

Chanyeolတစ်ယောက်အခန်းထဲသို့
ပြန်ဝင်လာသောအခါ

Baekhyunကိုမတွေ့ရ၍
ခေါင်းမီးတောက်သွားတယ်

"ဘယ်ရောက်သွားတာလဲ....
နေမကောင်းတဲ့ဟာကို"

ဝရံတာမှအခန်းထဲသို့
Baekhyunဝင်လာတဲ့အချိန်
မီးပျက်သွားလေသည်..

"အာ..မီးကလည်း."

ဖုန်းမီးအားဖွင့်လိုက်သောအခါ..
အခန်းထောင့်၌ဒူးခေါင်းပေါ်
ခေါင်းတင်ပြီးနေနေသော
Chanyeol အားတွေ့လေသည်..

"Chanyeol ssi."

အနားသို့ကပ်သွားသောအခါ..
ငိုနေတာသိလိုက်ရသည်

Baekhyunပျာသွားကာ

"Chanyeol ssi ဘာဖြစ်လို့လဲ "

ဘာမှမပြောဘဲတစ်စုံတရာကို
ကြောက်ရွံနေသည့်နှယ်

မနေနိုင်စွာဖက်ထားပေးမိသည်

"ဘာမှမဖြစ်တော့ဘူးနော်.
ဘာမှမဖြစ်တော့ဘူး..
အားလုံးအဆင်ပြေသွားမှာပါ."

အခန်းထဲသို့စိုးရိမ်တကြီးပြေးဝင်လာသော
ဆရာရိဖန်..

"မီးချက်ချင်းပြန်လာတော့မှာ
ဘာမှမဖြစ်ဘူး..
စိတ်လျော့.."

မွေ့ယာပေါ်သို့ဆရာရိဖန်တွဲတင်ပေးလေသည်
မီးချက်ချင်းပြန်လာမည်ဟုပြောသော်လည်း
တော်တော်နဲ့မလာသေးသောအခါ

"Baekhyun.သူ့ဘေးနားမှာနေပေးပါ
ဆရာတောင်းဆိုပါတယ်.."

ပြောပြီးဆရာရိဖန်မီးမလာသေးသည့်အကြောင်း
သွားပြောလေသည်

WHEN I MEET YOU Where stories live. Discover now