03

6K 544 3
                                    

နေ့စဉ်အလုပ်တာဝန်များလုပ်နေရင်း
စက်ရုပ်သဖွယ်ဖြစ်နေသော
မိမိဘဝထဲသို့

သူလေးဝင်ရောက်လာချိန်မှစပြီး
အရာရာအသက်ဝင်လာခဲ့သည်

အထူးသဖြင့်မိမိရဲ့အေးခဲနေသောနှလုံးသား.

ချစ်ဖို့ကောင်းသောထိုကောင်လေး
ရယ်လိုက်တိုင်းပေါ်လာတတ်သော
သွားစွယ်လေးနှင့်ပါးအို့မို့မို့လေး...

တခြားသူတွေအား
အကူအညီလိုလျှင်ချက်ချင်းကူညီတတ်သော
ကောင်လေး..
တော်တော်ချစ်ဖို့ကောင်းသည်.

နေ့စဉ်မပြတ်သူ့ရဲလှုပ်ရှားမှုတွေအား
လိုက်လံသိမ်းဆည်းရသည်မှာ
မိမိရဲ့တာဝန်လိုဖြစ်နေသည်...

အပြုအမူသေးသေးလေးတွေကအစ
ချစ်ဖို့ကောင်းနေတာကတော့လွန်ပါတယ်.မင်းလေးက

ကြောင်လေးအားပြုံးပြနေသည့်
ထိုကောင်လေးပုံအားကြည့်နေရင်း

မိမိရဲ့တစ်နေ့တာက
အသက်ဝင်လာသလို

မိဘတွေမရှိတော့သည့်အချိန်ကစပြီး
အရယ်အပြုံးနည်းသောမိမိအား
ပြုံးအောင်လုပ်နိုင်သောတစ်ဦးတည်းသောဂြိုလ်သားလေး

မိမိဘက်ကမနေနိုင်သဖြင့်
သူလေးအနားတစ်ခါလောက်အရောက်သွားမိသည်

ဘတ်စ်ပေါ်တွင်ဖြစ်လိမ့်မည်.
မိမိလက်မောင်းအား..
ကိုင်မိသောသူလေးရဲ့လက်သွယ်သွယ်...

တောင်းပန်ပါတယ်ဟုဆိုသေး..။

သူလေးတော်တော်အားနာတတ်သည်..

Baekhyunna..မင်းကို
ငါသိမ်းထားချင်မိတယ်..

ငါကလွဲပြီးမင်းကို
ဘယ်သူမှမပိုင်ဆိုင်စေချင်ဘူး...

တစ်ခြားတစ်ယောက်ယောက်ကသာ...
ပိုင်ဆိုင်သွားရင်...

Baekhyunnaမင်းကငါ့အတွက်ပဲဖြစ်နေပေးပါ...

ထိုသူရဲ့ဝမ်းနည်းစွာရေရွတ်သံလေးတွေကို
ကာယကံရှင်ကောင်လေးကြားသိခဲ့ရင်
ဘယ်လောက်ကောင်းလို်က်မလဲ...။

ကာယကံရှင်ကောင်လေးကတော့
အပူအပင်ကင်းစွာ
ကိတ်မုန့်လေးတွေဖုတ်နေလေရဲ့...

WHEN I MEET YOU Wo Geschichten leben. Entdecke jetzt