2
301 53 4
"အားးးး! Mama​ရေ...."
"ဟား...ဟား....ဟား"
       ရိုလာကိုစတာ စထွက်​တာနဲ့ ​ဘေးနားက​နေ အသံကုန်​​အော်​​နေတဲ့ တရုတ်​​ကောင်​ကို ကြည့်​ပြီး JiHoon​အော်​ရယ်​မိတယ်​....
     တရုတ်​​ကောင်​နဲ့ ထိုင်​ဖြစ်​သည်​က....ဒီလိုရှိတယ်
ရိုလာကိုစတာအတွဲ​ပေါ်တက်​​တော့ JiHoonက မတက်​​သေးပဲ အကုန်​ပြီးမှ တက်​ဖို့ စဉ်းစားထားတာ...
အကိုဖြစ်​သူ WooJinရဲ့ အင်္ကျီစကို ဆွဲထားပြီး​တော့
အကိုနဲ့ အတူထိုင်​မယ်​​ပေါ့...
     JaeHwanရယ်​DaeHwiရယ်​က အတူထိုင်​တယ်​....
     Mihyunရယ်​JinYoungရယ်​က အတူထိုင်​တယ်​...
     SungWoonက တစ်​​ယောက်​တည်း ငုတ်​တုတ်​​လေး...
     အဲ့တာကို Woo Jinက သနားလှချည်​ရဲ့ဆိုပြီး လှစ်​ခနဲ ​ပြေးသွားကာ Sung Woonနား သွားထိုင်​တယ်​...
     တရုတ်​တို့ အသံ​အောင်​ချက်​ ​အော်​တာများ ပြဲလန်​လို့ ရုပ်​​လေးနဲ့မှမလိုက်​...
    JiHoonလည်း အသံပြဲနဲ့ ​အော်​​နေတဲ့ တရုတ်​ကိုသာကြည့်​ပြီး တစ်​ဟားဟားနဲ့ ​အော်​ရယ်​​ပေးလိုက်​တယ်​....
     ထိုစဉ်​ ​ရှေ့ထိုင်​ခုံမှ ထွက်​​ပေါ်လာတဲ့ အသံကျယ်​ကျယ်​ လင်းပိုင်​သံပိုင်​ရှင်​များဖြစ်​တဲ့ JaeHwanနဲ့ DaeHwi...
     သူတို့က ​ကြောက်​လို့​တော့မဟုတ်​....
ပျော်​လွန်းလို့ ​အော်​​နေကြတာပါ...
"Aiyaaa................!"
      အသံပါဝါ​ကောင်း​ကောင်းနဲ့ ​အော်​​နေလိုက်​တာများ ပြဲလန်​လို့...
     သူ့​ဘေးနားက Sung Woonက​တော့ တစ်​ဟားဟား ​အော်​ရယ်​​နေတယ်​.....
     Hwan MinHyunကလည်း ငိုမတတ်​ပင်​ JinYoungလက်​ကို ဖက်​တွယ်​ထားတယ်​....
     JinYoungက​တော့ ​အော်​သံ တစ်​စိမထွက်​...
အသံတိတ်​လျက်​....အဲ့လို ​ချေတာပါ....
     စီးလို့လည်းပြီး​ရော အန်​​နေကြတဲ့ မကြီးမငယ်​ အရှည်​​ကောင်​နှစ်​​ယောက်​....
     JinYoungနဲ့ Sung Woonက​တော့ ​ကျောထု​ပေးသူက​ထု​ပေး...​ရေတိုက်​သူကတိုက်​နဲ့...
    အန်​လည်းပြီး​ရော ရှည်​လ​မျောအဖြူနှစ်​​ကောင်​ရဲ့ မျက်​နှာဟာ ​သွေးမရှိသလို ဖြူဖတ်​လို့ရယ်​.....
COIN Where stories live. Discover now