JJဝမ်းဆက် ဝတ်ပြီး ဆံပင်ကို နှစ်ဖက်ခွဲ ထုံးထားသည်မှာ မသိရင် Stateကျောင်းက ကလေးသာသာ.....

ရှင်းမဝတ်တတ်မစားတတ်မဟုတ်ပါ သို့သော်အဝတ်စား အလှပတွေပေါ်မှာ အာရုံသိပ်မထားတတ်.....အပြင်ပန်း အလှထက် အတွင်းစိတ်လှဖို့သာလိုသည်ဟု ရှင်းယုံကြည်ထားသည်။

(ဘယ်သူ့ကိုမှ ဂရုစိုက်စရာမရှိပါဘူး ဒါငါ့နယ်ပဲ ဟာကို )

ရှင်း ဆိုင်ကယ်ရပ်လိုက်ပြီး စာအုပ်ဆိုင်ထဲ လှမ်းကြည့်လိုက်တော့ ရင်းနှီးတဲ့ ပုံရိပ်လေး တစ်ခုကိုတွေ့လိုက်သည်။

( ဗုဒ္ဓေါ ဟိုကလေး သူက ဘာလို့ ဒီအချိန် ဒီစာအုပ်ဆိုင်ကို ရောက်လာတာလဲ

လခွမ်းငါဝတ်ထား ကလေးလိုလိုခွေးလိုလိုနဲ့ ဘာလုပ်မလဲ

အာ ရှောင်သွားမှာပေါ့ဟာ သူလဲ ငါ့ကို ဂရုစိုက်နေမှာမှ မဟုတ်တာ လိုချင်တဲ့ စာအုပ်ကို ဝယ်ပြီး မြန်မြန်ရှာပြီး လစ်တာပေါ့ )

ရှင်း ကောင်တာဘက်ကို အမြန်သွားပြီး

"အမရေ ခွန်းညိုသွေးရဲ့ ပန်ဖလက်ဆိုတဲ့ စာအုပ် ရှိလား အမ"

"ဩော် တစ်အုပ်တော့ ကျန်လောက်သေးလားပဲ
သမီးး အဲ့စာအုပ်က ရောင်းကောင်းတော့ အကုန်မြန်တယ် ဟိုဘက် အနောက်ဘက် စင်ဘက်ကို သွားကြည့်ကြည့်ပါလား တစ်အုပ်တော့ ကျန်မလားလို့ "

ထိုအမ ညွှန်ပြလိုက်သော နေရာကား ဟိုကလေး ရှိသောနေရာ

( ငင့် သေစမ်း အဲ့နေရာကိုမှ သွားရှာခိုင်းရတယ်လို့ )

ရှင်းအရူးကွက်နင်းပြီး စာအုပ်ရှာရန် သွားလေသည်။
စက္ခုအာရုံတို့သည်ကား ထိန်းမရ
ထို ကလေးကိုကြည့်ဖြစ်အောင်ကြည့်မိသေးသည်။

အပြာရင့်ရောင် တီရှပ်ကို အပြာနုရောင် ဂျင်းဘောင်းဘီတိုလေးနှင့် ပေါ့ပေါ့ပါးပါးတွဲဝတ်ထားတာတောင် ထိုကောင်လေးသည် တော်တော်သန့်နေသည်။
ဘေးတစ်စောင်းကြည့်တော့ သူမျက်တောင် တိုတိုစိပ်စိပ်လေးတွေ စာအုပ်အပေါ် အာရုံရောက်နေတဲ့ သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေ နှုတ်ခမ်းထွေးထွေးလေး.....
တစ်နေကုန် ထိုင်ငေးချင်စရာမျက်နှာ ပိုင်ရှင်မျိုးပင်............

မမWhere stories live. Discover now