အပျော်ဆုံးကတော့ အပြေးချန်ပီယံ မိရှင်းပင်

သူငယ်ချင်းမလေးယောက် အညီဆုံးကိုပြောပါဆိုရင် မုန့်စားနဲ့ အတန်းပြေးခြင်းဖြစ်သည်

လေးယောက်သား ဦးတည်ချက်က စာကြည့်တိုက်သို့

စာကြည့်တိုက်ကိုရောက်တော့ ပန်းရီက wifiနဲ့ သီချင်းdownလေသည်

နှင်းသက်ကတော့ Mobile legendဆော့

စုလင်းကတော့ စာအုပ်ဖတ်ဖို့ စာအုပ်လိုက်ရှာပြီး စာအုပ် ထဲခေါင်းနှစ်ဖို့ ကြံစည်နေလေသည်

ရှင်းကတော့ နားကျပ်လေးနဲ့ သီချင်း တငြိမ့်ငြိမ့်

ခနကြာတော့ ရှင်းပျင်းလာသည်

"ဟဲ့ နင်တို့ ပျင်းဘူးလား ကော်ဖီသောက်ချင်ဘူးလား"
စာကြည့်တိုက်ထဲတွင်ပင် ကော်ဖီရောင်းသည်မို့ ကော်ဖီကြိုက်သော မိရှင်းအားလုံးကိုအဖော်စပ်လိုက်ခြင်းဖြစ်သည်။

ပန်းရီနဲ့ စုလင်းကတော့ မိရှင်းထဖောက်ပြီဆိုသော အကြည့်နှင့်

ရှင်းကတော့ မသိချင်ယောင်ပြီးးး

"စုလင်းရေ ငါ့ကို ကော်ဖီဝယ်တိုက်ပါနော် "

" ရှင်း နင် အေးဆေးလေးနေပါလား ငါအခုမှ ဈာန်ဝင်ခါစလေးမို့ပါ"

"ဝယ်တိုက်ပါဟာ နော်နော် "

ယွန်းကျော့ရှင်း စုလင်းပြောတာ ကို ဂရုမထားပဲ တဂျီဂျီ ပူဆာလေသည်။အားလုံးထဲမှာ ရှင်းတဂျီဂျီတိုက်ရဲတာ စုလင်းတစ်ယောက်ပဲ ရှိသည်။ ကျန်နှစ်ယောက်နဲ့က တက္ကသိုလ် ရောက်မှ ခင်တာမှန်သော်လည်း စုလင်းနဲ့ ရှင်းက ကိုးတန်းကတည်းက ဘော်ဒါ တူတူတတ်လာသော သူငယ်ချင်းများ ဖြစ်သည်။ ထို့အပြင် စုလင်းက သူ့ကို အရမ်းချစ်မှန်း သိသောကြောင့် ရှင်း စုလင်းအပေါ်ဆို ကလေးတစ်ယောက်လိုကို ဆိုးသည်။

စုလင်းသည် သူရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ရှင်းကို "မနိုင်ဘူး " ဆိုတဲ့အကြည့်တွေနဲ့ ကြည့်ရင်း

" ရော့ ရော့ ပိုက်ဆံ ငါ့အတွက်လဲ ဝယ်ခဲ့အုံး"

"ငါ့အတွက်ရော"

"ငါ့အတွက်ရော"

"ဟွန့် ကောင်မတွေ သူများ ထခါမှ လာမှာနေတယ် ငါ့မှာ လက်လေးဖက်မရှိဘူး တစ်ယောက်ယောက် လိုက်ခဲ့အုံး"

မမWhere stories live. Discover now