13

119 20 0
                                    

Sunyoung ရဲ့ တိုက်ခန်း တစ်ဝိုက်မှာ ရဲကားများရှိနေသည်။ ဘေးနားက ထိုင်ခုံပေါ်မှာ တင်ထားသော ဖုန်းလေးကိုသာ Changmin ငေးကြည့်မိသည်။

Sunyoung သူ့ကို ဘာမှ မပြောပြခဲ့…

Yuri ခေါ်သည်…သူ့ မိခင် ခေါ်သည်…ထို့နောက် ဖခင် က ခေါ်သည်။ နောက်တစ်ဖန် မိခင်က ထပ်ဆက်သည်။

ဘယ်သူ့ဖုန်းကိုမှ သူမကိုင်ပါ။ သူ့မိခင်ကို ပြန်ဖြေမယ်ဆိုလည်း Yuri အကြောင်းက လွဲလို့ တခြားရှိမှာ မဟုတ်။ ပြီးတော့ Yuri လည်း အဆင်ပြေနေသားပဲ…စိုးရိမ်စရာမှ မရှိတာ။နောက် သူ့ဖခင်ကျတော့ ဘာလို့ ဖုန်းဆက်လဲ သူမသိနိုင်ပေမယ့် ဒီတိုင်း စကားမပြောချင်လို့ကို မကိုင်တာဖြစ်သည်။

An Sunyoung…!! သူမ ဘယ်လိုများ လုပ်ရက်တာလဲ…!? သူ့ မှာ ဘာတွေများ ချို့ယွင်းချက်ရှိနေလို့ ဒီလို လုပ်ရပ်မျိုး လုပ်သွားရတာလဲ…? သူကရော ဘာလို့ အဲလောက် ငတုံး ဖြစ်နေခဲ့ရတာလဲ…!?

~
"မ, ကျွန်တော်တို့ အတူတူ ထွက်ပြေးရအောင်ကွာ…ပြီးရင် လက်ထပ်ကြမယ်လေ…"

တစ်ခါက သူမပေါင်ပေါ်မှာ ခေါင်းအုံးရင်း သူပြောခဲ့ဖူးသည်။

"အရူးလေး…"

သူမက သူ့ဆံပင်တွေကို ဖွဖွ ပွတ်သပ်ပေးရင်း ပြုံးသည်။

" ဘဝဆိုတာ မင်းထင်သလောက် မရိုးရှင်းဘူး Changmin…"

"ဒါပေမယ့် …ကျွန်တော် ဘာမဆိုလုပ်နိုင်တယ်လေ…!! ကျွန်တော်ပြောတာက……ကျွန်တော်အလုပ်လုပ်မယ်…ကျွန်တော်တို့ နှစ်ယောက်စာအတွက် ကျွန်တော်ရှာကျွေးမှာပေါ့…ပြီးတော့ ကျွန်တော်က ချက်လည်းချက်တတ်တယ်…မ အဲဒါတွေအတွက် ဘာမှပူစရာမလိုဘူးလေ…ပြီးတော့ ကျွန်တော် စုထားတဲ့ ငွေတွေလည်းရှိပါတယ်…အဲဒီငွေတွေနဲ့ဆို မ အရမ်းကြိုက်တယ်ဆိုတဲ့ ကမ်းခြေမှာ အိမ်လေး တစ်လုံးလောက်တော့ ဝယ်နိုင်ပါတယ် မ ရဲ့…~"

~
အကုန်လုံးက ငွေကြေးသက်သက်အတွက်တော့ မဖြစ်နိုင်ဟု Changmin ထင်မိသည်။ အဲဒါဆို ဘာအတွက်လဲ…? သူချစ်တဲ့ မိန်းမအတွက် ဘာမဆို ဖြည့်ဆည်းပေးနိုင်နေရဲ့နဲ့ သူအတွက် အဖြေက ဘာလို့ အမြဲတမ်း အငြင်းဝါကျပဲ ဖြစ်နေခဲ့ရတာလဲ…?

အတူတူဆိုရင်Where stories live. Discover now