"ငယ်...ငယ်သွားချင်တယ်ဆို ကိုယ်လိုက်ပို့ပေးမယ်လေ"

"တကယ်ပြောတာလား Mr.Byun..."

မယုံနိုင်သော အကြည့်တို့နဲ့ကြည့်လာသော ကျွန်တော့်ရဲ့ငယ်က ပျော်ရွှင်မှုအထင်းသား...

ဒီလိုသာပျော်မယ်ဆို စောစောတွေ့ခွင့်ပေးလိုက်သင့်တာ...

ဒါပေမဲ့ငယ်ရယ်...

ကိုယ်ကိုယ်တိုင် သတ်ခဲ့တဲ့သူတွေအတွက် ကိုယ်ချစ်တဲ့သူက နာနာကျင်ကျင်ငိုကြွေးရမှာကို မကြည့်ရက်နိုင်လို့ တားဆီးခဲ့မိတာငယ်သိရဲ့လား??

ကိုယ်ကလေ...
ငယ့်မျက်ရည်တစ်စက်တိုင်းအတွက် အားနာမှုအထပ်ထပ်ခံစားနေရသလို နောင်တတော့မရခဲ့တာ ခွင့်လွှတ်ပေးပါ...

ကိုယ်လုပ်သင့်တာကို လုပ်ခဲ့တာပါငယ်...

ဒီလိုနဲ့ပဲငယ်နဲ့ကျွန်တော်ရဲ့ သက်ပြင်းချသံအထပ်ထပ်ရောစပ်နေတဲ့ ခရီးတစ်ခုစတင်ခဲ့ရတယ်...

ကားမောင်းရင်း လမ်းတစ်လျှောက်လုံး ငယ့်ကိုခဏခဏလှမ်းကြည့်နေမိပေမဲ့ ကျွန်တော့်ကို ငယ်ပြန်ကြည့်မလာခဲ့ပါ...

ပွဲမစခင်...
ကိုယ်ကအရင်နာကျင်နေရပါလားငယ်...

****************************

ဖန်သားပြင်နဲ့ကာရံထားတဲ့ တစ်ဖက်တစ်ချက်မှာ ကျွန်တော့်ကိုပြုံးပြနေတဲ့
Appa နဲ့ Omma...

Mr.Byun စီစဉ်ထားတဲ့အတိုင်း ခမ်းနားတဲ့နေရာမျိုးမှာ ကျွန်တော့်မိဘတွေက အနားယူနေကြပြီလေ...

ဟက်!နည်းနည်းတော့ မယုံနိုင်စရာပဲနော်...

သူကိုယ်တိုင်သတ်ခဲ့တဲ့ သူတွေကို ဘာလို့ဒီလိုသေသေချာချာ စီစဉ်ပေးထားခဲ့တာလဲ??

"Appa...Omma...ကျွန်တော်လာပြီ"

အလိုက်မသိစွာ မျက်ရည်တို့ဝေ့ဝဲတက်လာပေမဲ့ အရင်လိုချော့မြူပေးမဲ့ Omma ရဲ့လက်တစ်စုံမရှိတော့ပါ...

ဒီအသုံးမကျတဲ့သားက ဘာမှန်းတောင်မသိခဲ့ပဲ ကိုယ့်မိဘတွေကိုသတ်မဲ့သူကို ချစ်ခဲ့မိသေးတာ...

Appa... ကျွန်တော့်ကိုဆူပေးပါလားဟင်?

Omma...ကျွန်တော့်ကို တစ်ခုခုပြောပါဦး...

Mr.Byun...Where stories live. Discover now