မင်းရာဇာ အခန်းတံခါးကိုထဖွင့်ပြီး အခန်းထဲမှထွက်လာခဲ့တယ်။အခန်းထဲတွင်တော့ သီဟမှာ သူကန်ထုတ်ခဲ့သောစောင်ကိုခြုံ၍ ဆက်ကွေးနေသည်။
မီးဖိုချောင်ထဲတွင် ဒေါ်နှင်းဆီ ချက်ပြုတ်ရင်းအလုပ် ရှုပ်နေပြီး ဧည့်ခန်းထဲတွင် မင်းရာဇာ တစ်ယောက်ထဲသာရှိသည်။
ပြတင်းပေါက်ရဲ့ အပြင်ဘက် ကြိုးတန်းလေးပေါ်မှာတော့ သူ့ရှပ်အင်္ကျိ အဖြူရောင်လေးက ပြန်လည်သစ်လွင်နေပြီး လေယူရာအတိုင်းလွင့်ပါနေလေတယ်။မင်းရာဇာ အကုန်လုံးကို အကဲခတ်ပြီးတာနဲ့ ဒေါ်နှင်းဆီ အလုပ်ရှုပ်နေတဲ့ မီးဖိုခန်းထဲသို့ ဦးတည်လာခဲ့လေတယ်။
"သား နိုးပြီလား"
"အရှေ့က အင်္ကျိက အန်တီ လျှော်ပေးထားတာလား"
"မဟုတ်ဘူး သီဟလျှော်ပေးထားတာကွဲ့ ညကအိပ်မပျော်လို့ထင်ပါတယ် အဝတ်တွေဘာတွေ ထလျှော်လို့"
"သြော် အင်း…"
"အိမ်ရှင်တို့…"
ထိုအချိန်မှာပဲ အိမ်အရှေ့က လာတဲ့ ခေါ်သံကြောင့် ထမင်းကြော်အိုးတန်းလန်းကြီးနဲ့ ဒေါ်နှင်းဆီ ထွက်မရတာကြောင့် မင်းရာဇာကိုပဲ အကူအညီတောင်းပြီး ထွက်ခိုင်းလိုက်လေသည်။
မင်းရာဇာ အိမ်ရှေ့ကို ဖြေးဖြေးချင်းလျှောက်လာပြီး အော်နေတဲ့လူကို သေချာစိုက်ကြည့်လိုက်တယ်။
"ဘာကိစ္စလဲ"
"ဟို စာတိုက်ကပါ ခင်ဗျ ဒီအိမ်လိပ်စာနဲ့ စာပို့လိုက်လို့"
"ပေး ငါ့ကို"
"ဒီက အကိုသီဟဆက်လားမသိဘူး"
"အေး သူအိပ်နေတယ် ငါ့ကိုပဲပေးခဲ့"
"အော် ဟုတ်ကဲ့"
မင်းရာဇာ ထိုကြောင်တောင်တောင်ကောင်လေးရဲ့ လက်ထဲကနေစာကို လှမ်းဆွဲယူလိုက်သည်။ထိပ်က အရာလေးအတိုင်း စာအိတ်ကိုဖောက်ပြီး အထဲမှာပါတဲ့ စာကိုထုတ်ကြည့်လိုက်လေတယ်။
သို့…သီဟဆက်
မင်းကိုငါသတိရတယ်ကွာ။ငါ မြန်မာနိုင်ငံကနေ ခွဲခွာခဲ့တာ အခုဆို ၅ နှစ်တောင် ရှိပြီနော်။ငါသူငယ်ချင်းတွေ အဓိကအားဖြင့် မင်းကို ရော တခြားလူတွေရော မြန်မာနိုင်ငံကြီးကိုရော လွမ်းတယ်ကွာ။အဲ့ဒီမှာနေတုန်းက နိုင်ငံခြားကို အရမ်းထွက်ချင်ခဲ့မိပေမယ့်။တကယ်တမ်းကျတော့မှ ငါ့နိုင်ငံ ငါ့အိမ်ကို ငါလွမ်းတယ်။ငါမြန်မြန်ပြန်လာချင်နေပြီ။ ဒါနဲ့ မင်းငါ့ကို ဘာလို့စာမရေးတော့တာလဲ။ တခြားလူတွေနဲ့အီးမေးလ် အဆက်အသွယ်ရပေမယ့် မင်းဆီက ဘာအဆက်အသွယ်မှ မရဘူး။ ငါမကြာခင် ပြန်လာတော့မှာပါ အဲ့ဒီအခါကျ ငါအကြောင်းထပ်ကြားလိုက်မယ်။အကယ်၍ မင်းဒီစာကို ရရင် ငါ့ဆီစာပြန်ရေးလိုက်ပါ။မြန်မြန်ရေးနော် သားကြီး။
ချစ်လှစွာသောသူငယ်ချင်း
ဘုန်းဝဏ္ဏ…
YOU ARE READING
Beyond the galaxy(ZG+Uni)
Romanceတစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......! (Unicode) တစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......!
Part-17
Start from the beginning