နောက်​​တော့ သူသုံးတာလည်း မ​တွေ့​တော့ ကျ​နော်​ ထင်​ခဲ့မိတာ..သူ့အ​ဖေ ဒါမှမဟုတ်​ အထက်​လူကြီး​ပေးဖို့အတွက်​​ပေါ့...။

ဒါ​ပေမယ့်​...အခု​တော့ အဲ့အိတ်​​လေးက Baekhyun ကိုင်​​နေတာတဲ့လား??

အာ...မဖြစ်​နိုင်​တာ​တွေ မ​တွေးစမ်းပါနဲ့ Naungရာ...။
Byun Baekhyunကလည်း ​နောက်​ခံ​တောင့်​တဲ့ အသိုင်းအ၀ိုင်းက ဆင်းလာတဲ့ က​လေးတစ်​​ယောက်​ပဲ..ဒီ​လောက်​အိတ်​​လေးက​တော့ ခပ်​​ပေါ့​ပေါ့ ၀ယ်​သုံးနိုင်​ပါတယ်​.။
Chanyeol​ပေးတာ ဟုတ်​ချင်​မှဟုတ်​မှာပဲဟာ...။

ရိပ်​မိပြီးသားအ​ဖြေတစ်​ခုကို ဟန်​​ဆောင်​ဖုံးကွယ်​လိုက်​ပြီး Baekhyunဆီ အကြည့်​ပြန်​ပို့လိုက်​မိ​တော့ ​ကောင်​ငယ်​​လေးက သူရိုက်​ထားတဲ့ ပုံ​တွေကိုကြည့်​ပြီး သ​ဘောတကျနဲ့ကို ပြုံး​နေပြန်​တယ်​...။

"Baekhyun...Chanyeol​ရော??"

အ​မေးသာရှိပြီး အ​ဖြေပြန်​မလာတဲ့ တုန့်​ပြန်​မှုတစ်​ခု​ကြောင့်​ ကျ​နော်​ ​အောက်​နှုတ်​ခမ်းတချက်​သပ်​လိုက်​ပြီး ပြန်​​မေးလိုက်​မိတယ်​...။

"Baekhyun..."

"Arrr...Krab Pee..."

အလန့်​တကြား လှည့်​ထူးလာတဲ့ ​ကောင်​​လေးကို ကျ​နော်​ တစ်​ချက်​ပြုံးပြလိုက်​မိပြန်​တယ်​...။

"Chanyeol​ရော??"

"​သြော်​...Yeolလား..??​အောက်​က market ခဏသွားတယ်​ Pee...။Juiceပုလင်း​တွေ သွားဝယ်​တာရယ်​...."

ပြန်​​ဖြေလာတဲ့ အ​ဖြေ​စကား​ကြောင့်​ ကျ​နော်​ မျက်​​မှောင်​ကြုတ်​မိသွားတယ်​..။ကျ​နော်​သိတဲ့ Park Chanyeolက ready made Juiceဘူး​တွေ ​သောက်​တတ်​တဲ့သူမဟုတ်​ပါဘူး...။
ဒါဆို..သူသွားဝယ်​ရတဲ့ အ​ကြောင်းရင်းက...

"Baekhyun ​သောက်​ချင်​လို့လား??"

ခန့်​မှန်းမိတဲ့ အ​ခြေ​နေတစ်​ခုကို အရင်းပြု​မေးလိုက်​​တော့ Baekhyunက ​ခေါင်းတဆတ်​ဆတ်​ငြိမ့်​ပြလာခဲ့တယ်​..။

ဒါ​တော့ နည်းနည်းမဟုတ်​​သေးပါ...၊။

နေ့တစ်​ပိုင်း​လောက်​ အိမ်​မှာ ​နေ​နေတဲ့သူက တစ်​​နေကုန်​ အလုပ်​လုပ်​ပြီးပြန်​လာတဲ့ Chanyeolကို ​အောက်​ထပ်​ဆင်းပြီး သူ​သောက်​ချင်​တဲ့ အ​အေးသွားဝယ်​ခိုင်းတာကြီးက သဘာဝမကျပါဘူး...။

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Место, где живут истории. Откройте их для себя