part~~~15

872 93 2
                                    

သူကျွန်​​တော့်​ ကို တစ်​မှတ်​ရတယ်​ လို့​ပြောတဲ့​နေ့ကစပြီး ကျွန်​​တော်​ လဲ ​အမှတ်​လိုချင်​​သော ​ကျောင်းသားပမာ လိုက်​ရှာကြံ​နေရတယ်​....

သူက​လေ...လူကို အမြဲအခွင့်​အ​ရေး​တော့​ပေးတယ်​....ယူတတ်​ရင်​ ပွတာပဲ မယူတတ်ရင်​​တော့.....မျက်​ရည်​နဲ့မျက်​ခွက်​​ပေါ့

သူ့ကို ဘယ်​က​နေ စချစ်​မှန်း​တောင်​မသိ​တော့ဘူး...

အဲ့အချိန်​ကများလား~~~~

"ခင်ဗျား​ကို စ အလုပ်​၀င်​ကတည်းက ဒီစည်းကမ်းချက်​​တွေ ထုတ်​ထားပြီးသား မင်းမဖတ်​ခဲ့ဘူးလား...ကဲ ကြည့်​ အခု​တော့ ​အောက်​ ငယ်​သား​တွေက တိုင်​​တော့ ကြား​ကောင်းလား"

သူ လူတစ်​​ယောက်ကို ​ဒေါသထွက်​​နေခဲ့တယ်​ အဲ့တုန်းက ဒါ​ပေမဲ့ သူ ​သောင်းကျန်းမ​နေခဲ့ဘူး ​အေး​အေး​ဆေး​ဆေး ​ပြော​နေတယ်​ ....

"ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ သူ​ဌေး"

"ခင်​ဗျား ​တောင်းပန်​ရုံနဲ့ မရ​တော့ဘူး အခုဟာက ကျွန်​​တော်​လဲ ခွင့်​မလွှတ်​နိုင်​တဲ့ ကိစ္စ ဒီ အလွဲသုံးစားလုပ်​တာကို ကျွန်​​တော်​ တင်းတင်းကြပ်​ကြပ်​ တားမြစ်​ထားတာ ခင်​ဗျား အသိဆုံးပါ"

"......."

ထိုလူတိတ်​ဆိတ်​​နေတယ်​....

"မန်​​နေဂျာ ရာထူးကို ကျွန်​​​တော်​ ပြန်​သိမ်းမယ်​ ခင်​ဗျားကို အလုပ်​ထုတ်​ပြီ ဒီ​နေ့က စပြီး"

"ဟာ သူ​ဌေး ကျွန်​​တော်​ မှာ အခက်​အခဲ​တွေနဲ့ပါ....အဲ့လို​တော့ မလုပ်​ပါနဲ့"

"You can Go Mr.Gu"

ကျွန်​​တော်​ အဲ့တုန်းက သူ့ကို ပြတ်​သားတဲ့ လူအဖြစ်​ ပထမဆုံး မျက်​မြင်​ကိုယ်​​တွေ့ ပဲ....

နောက်​ရက်​ ထိုလူကို ကျွန်​​တော်​ တို့ ရပ်​ကွက်​ထဲမှာ ပြန်​​တွေ့ခဲ့တယ်​...

"ဦး​လေး....​နေ​ကောင်းလား"

ကျွန်​​တော်​က​တော့ ခင်​မင်​မပြတ်​ သူက ကျွန်​​တော့်​လဲ ကူညီဖူးသူဆို​တော့....

"Aww ​ကောင်​​လေး "

ကျွန်​​တော်​တို့ ရာသီဥတုလဲ ပူ​တော့ ​ရေခဲ​ချောင်းသွားစားကြတယ်​....

PRIDEWhere stories live. Discover now