part~~7

1.4K 143 3
                                    

အခုရက်​ပိုင်း​တွေမှာ ကျွန်​​တော်​​တော်​​တော်​​လေးထူးဆန်း​နေပါသည်​...သူ့ကို​တွေ့ရင်​ လူကမ​နေတတ်​​တော့ပါ..

    ရှက်​သလိုလို...​ကြောက်​သလိုလို...နဲ့~~ဘာကြီးမှန်းကိုမသိတဲ့ အရာကြီးကို ခံစား​နေရသလိုပဲ...

အာ့ဆိုလဲ မ​တွေ့ပဲ​နေပါ​ရော့​လား~~

1..သူနဲ့ကတစ်​company တည်းမှာ​နေရတာ

2..ကျွန်​​တော်​က သူ့ secretary...

3..ကျွန်​​တော်​ကိုက မ​တွေ့ပဲမ​နေနိုင်​ပါ...😁😁

သာမန်​အချိန်​​တွေထက်​ သူ့ကို​တွေ့ရဖို့ ​စောလာလို လာ..

သူလာရင်​ ကိုယ့်​ကိုယ်​ကို သရတာအ​မော...ဘာလို့မှန်းရယ်​မသိ သူ့​ရှေ့မှာ အရမ်းကိုအမှတ်​ရချင်​​နေသည်​~~

သူ​နောက်​ကျတဲ့​နေ့....အင်း~~အမှန်​တိုင်း​ပြောရရင်​ ကျွန်​​တော်​အရမ်း​စောတဲ့​နေ့​ပေါ့  သူ့ကို​မျှော်​ရတာ သစ်​ကုလားအုပ်​ လိုဖြစ်​လို့...

မဆိုးပါဘူး...သူ့ကို​မျှော်​လွန်းလို့လားမသိဘူး လည်​ပင်း​လေးရှည်​ပြီး လူကအရပ်​နည်းနည်းရှည်​လာသလိုပဲ...ဟိဟိ

Do kyung Sooတို့ တစ်​ခုခု​တော့ မှား​နေတာ​သေချာ​နေပါပြီ~~

ဟော~~​ပြောရင်းဆိုရင်းနဲ့ လူရိပ်​​တွေ့လိုက်​သည်​...သူလာပြီထင်​တယ်​~~

မျှော်​လင့်​တကြီးနဲ့ ​စောင့်​စားရင်း.....တဖြည်းဖြည်း အရိပ်​ကနီးလာသည်​နှင့်​အမျှ ရင်​​တွေ တဒိန်းဒိန်း ခုန်​​နေပါပြီ....

"Boss....Anneyoung ဒီ​နေ့နည်းနည်း​လောက်​ ​နောက်​ကျ....."

မျက်​လွှာကို အ​ပေါ်ကိုလှန်​ကြည့်​​တော့...စကားသံ​တွေက ​ပြောစရာမလို​အောင်​ရပ်​တန့်​သွား​တော့သည်​..

"kyungsoo shi~~kai ကမလာ​သေးဘူး kyungsooကို ​ပြောလိုက်​တယ်​ ဒီ​နေ့အလုပ်​​စောဆင်းချင်​ရင်​ဆင်းတဲ့..."

"Arr...Boss ကဘာဖြစ်​လို့လဲ"

စိတ်​ပျက်​ခြင်းတို့အပုံလိုက်​~~ဒါ​ပေမဲ့လည်း သူမလာရတဲ့အ​ကြောင်း​လေး​တော့ စပ်​စုချင်​တယ်​~~

PRIDEWhere stories live. Discover now