part 2

2.1K 184 0
                                    


       "​ဒီ​နေ့ အချိန်​စာရင်း​တွေက ဘာလဲ"

ဘေးနားမှာရပ်​​နေတဲ့ အတွင်း​ရေးမှူး​လည်းဖြစ်တဲ့ သူငယ်ချင်း chanyeolကို​​​​မေးကြည့်​​တော့

"မင်း အင်​တာဗျူးစစ်​ရအုန်းမယ်​ ပြီးရင်​ ​နေ့လည်​စာစားပွဲတခုရှိတယ်​ ဒါပဲ"

မ​နေ့ကကိစ္စ​ကြောင့်​ သိပ်​စိတ်​ကြည်​ပုံမ​ပေါ်​သော chanyeolကို လုပ်​လက်​စ​တွေရပ်​ပြီး ကြည့်​ကာ

"ငါ့ကိုအခုထိစိတ်​ဆိုးတုန်းပဲလား"

"မဆိုးပါဘူး"

ဆိုး​နေတာအသိသာကြီးကို လိမ်​​နေ​သေးတယ်

"Chanyeolမင်းကလဲကွာ ငါမှသူ့ကိုမချစ်​တာ"

"ငါမင်းကိုအတင်းချစ်​ခိုင်း​နေလို့လား "

"မင်းတို့က​လှော်​​ပေး​နေတာကိုး"

"ဘာပဲဖြစ်​ဖြစ်​ ​လေကွာအဲ့လိုကြီး​တော့မင်းမလုပ်​သင့်​ဘူး​လေ...မင်းကွာအသက်​ကလဲ ဆယ်​​ကျော်​သက်​မဟုတ်​​တော့ဘူး ကုမဏီတစ်​ခုကို​တောင်​ ​ကောင်း​ကောင်းဦးစီး​နေပြီပဲကို ဘာလို့က​လေးဆန်​ချင်​ရတာလဲ"

ငင့်​ က​လေးဆန်​တယ်​တဲ့

"​ဟျောင့်​ ငါက​လေးဆန်​တာမဟုတ်​ဘူး...မာနကြီးရုံပဲကို"

"ငါ​လေတခါ​လောက်​မင်းကို​လေ မင်းလိုမျိုးမာနကြီးတဲ့သူ​နဲ့ ​တွေ့​ပေး​စေချင်​တယ်​"

မိန်းမကြီးတစ်​​ယောက်​လို​ပြော​နေတဲ့ Chanyeolကို ကျွန်​​တော်​ဘာမှဆက်​မ​ပြောပဲ လွှတ်​​ပေးလိုက်​​တော့တယ်

            ________Pride______________

       မကြာခင်​​ခေါ်​တော့မည့်​လူစာရင်း​တွေကိုကြည့်​ကာ တစ်​​ယောက်​ချင်းစီရဲ့ကိုယ်​​ရေးရာဇ၀င်​​တွေလိုက်​ဖတ်​​နေလိုက်​တယ်​.....

ကျွီ~~

တံခါးဖွင့်​သံအဆုံးမှာ ​ကောင်​မ​လေးတစ်​​ယောက်​၀င်​လာတယ်​ လူကိုကြည့်​စရာမလိုပဲ​ဒေါက်​ဖိနပ်​သံ၏ ​တ​ဒေါက်​​ဒေါက်​....မြည့်​သံကမိန်းက​လေးမှန်းသိသာ​စေတယ်​....

PRIDEHikayelerin yaşadığı yer. Şimdi keşfedin