ဒီလောက်နဲ့ပြီးသေးလားဆိုတော့ ဟင့်အင်း မဟုတ်ဘူး...

Light ဆိုတဲ့အဲ့လူကြီးက
ကျွန်တော့်ညီနဲ့ခြိမ်းခြောက်ပြီး
ကျွန်တော့်ကို မရမကလက်ထပ်ခဲ့တယ်...

အခုတော့သူဖြစ်ချင်တာဖြစ်လာခဲ့ပြီပေါ့...

ကျွန်တော့်ဘဝကိုသူ့စိတ်ကြိုက် ချုပ်ကိုင်ခဲ့တယ်...

ကျွန်တော့်ကိုလိုလေးသေးမရှိထားပေမဲ့ မိဘတွေကိုသတ်ခဲ့တဲ့သူ့ကို ကျွန်တော်မနှစ်မြို့နိုင်ဘူး

ဟင့်အင်း...မုန်းတယ်

ကျွန်တော်သူ့နားမှာမနေချင်ဘူး...

ကျွန်တော့်မိဘတွေကိုသတ်တဲ့သူနဲ့ အတူတူပျော်မနေနိုင်ဘူး...

တမလွန်ကမိဘတွေသာမြင်လို့ကတော့ ကျွန်တော့်ကို စိတ်ဆိုးကြမလားမသိဘူးနော်?

ကျွန်တော့်ညီကိုကာကွယ်ဖို့အတွက် ဒီလူကြီးနဲ့အတူရှိနေရတာကိုလေ...

အတိတ်ကအကြောင်းတွေပြန်တွေးမိတော့ ပြတင်းပေါက်ဘောင်ကို  လက်တို့က ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိပြီးသား...

မိမိရှေ့မှတွေ့နေရတဲ့ နှင်းဆီခင်းကိုတောင် အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်ချင်မိတဲ့အထိပါပဲ...

လောကကြီးကရက်စက်တယ်..

ကျွန်တော့်ကိုပျော်ရွှင်မှုတွေဘာလို့မပေးနိုင်ရတာလဲ??

~ကျွီ

ညှင်သာစွာပွင့်လာတဲ့တံခါးချပ်နဲ့အတူ ခပ်ဖွဖွကိုခြေသံကိုပါ အနောက်ဘက်တစ်နေရာကနေကြားလိုက်ရသည့်နည်းတူ ထိုလူကြီးရဲ့ကိုယ်သင်းနံ့ကိုပါ အလိုလျောက်ရနေမိသည်...

အသုံးမကျလိုက်တာ...
ဘာလို့သူ့ကိုယ်သင်းနံ့ကိုပါ အလွတ်မှတ်မိနေရတာလဲ?

"ငယ်..."

သူ့ရဲ့ခပ်တိုးတိုးနဲ့ အမိန့်ဆန်ဆန်အသံကို ကြားရတိုင်း ကျွန်တော့်နှလုံးသားဟာ ပဲ့တင်ထပ်လောက်အောင် အသံတွေကျယ်လောင်လာခဲ့တယ်...

နှလုံးသားတစ်ခုလုံးတော့ ဗြောင်းဆန်နေပါရဲ့...

အပြင်လက်တွေ့မှာတော့ နှုတ်ခမ်းပါးကနေ ပြုံးဖို့ကိုတောင် အတော်လေးခဲယဉ်းနေပြီလေ...

Mr.Byun...Where stories live. Discover now