12

2.9K 241 35
                                    

အတ္တကြီးတယ်ပဲဆိုဆို အချစ်ကြီးတယ်ပဲဆိုဆို
သားအပေါ်လုပ်ခဲ့သမျှ အကိုဝဋ်တွေ့ရဲ့ဖန်တီးသူဟာ သားပဲဖြစ်ရမယ်

အကိုရဲ့နာကျင်ခြင်းအလုံးစုံဟာ သားကြောင့်ပဲ ဖြစ်ရမယ် အကို

သိပ်ကို အပူတပြင်း သားကိုလိုက်ရှာနေတဲ့အကို
ရှေ့ကိုပဲကြည့်ရှာရတယ်လို့ အကိုရယ်
သိပ်ပူလောင်နေတဲ့အကိုကျောပြင်ကိုကြည့်ရင်း သားပြုံးနေတာ မသိတာ အကို အတယ်ခေါ်မလား

################################

မယုံနိုင်လွန်းလို့ ကိုယ်မျက်လုံးကိုယ်မနည်းပွတ်ကြည့်နေရတယ်..
Channie....
လိုက်ရှာလိုက်ရတာ ဘယ်နှနိုင်ငံမှန်းမသိ

ဘယ်လ်ဂျီယမ် သူသိပ်ကြိုက်တဲ့ချောကလက်တွေ့ရှိတဲ့နိုင်ငံ
Paris,London....ရှိရှိသမျှ မြေလှန်ရှာခဲ့တာမတွေ့ပဲ
သူက ကိုရီးယားပြန်ရောက်နေတယ်!!

သူဘေးက အကောင်က ဘာတုန်း!!
ရုပ်ကတော့ လူကြီးလူကောင်းရုပ်နဲ့ အနောက်တိုင်းဝတ်စုံနဲ့
Channieကတော့ အရင်အတိုင်း Hoodieပွပွကြီးထဲမြုပ်နေရတာ အားမရလို့ ဆိုဖာထဲပင်မြုပ်နေအောင်မှီနေတဲ့ ကလေးလေး....
ကပ်လွန်းနေတဲ့အနေအထားကြောင့် အတွဲလို့ပင်ထင်ရလောက်သည်

ရုတ်တရက် ကိုယ်ကိုမြင်သွားတဲ့channie..
ပါးစပ်လေး ဟပြီး အံ့သြသွားပေ့မယ် သိပ်မအံ့သြပုံ..
ကိုရီးယားကိုလာရင်တွေ့မှာပဲဆိုတဲ့အတွေးတွေးထားပုံပဲ..
မချိပြုံးလေးပြုံးပြီး ဘေးက အကောင်လည်ပင်းကိုတွဲခိုပြီး မျက်နှာအပ်လိုက်တဲ့channie....

တမင်လုပ်မှန်းသိသာသော်လည်း ရင်မပူပါဘူးပြောရင် လိမ်ရာကျမှာပေါ့
ဘယ်ထိဆိုးအုံးမှာလဲ...
၅နှစ်လောက်ပြစ်ထားတာတောင် မကျေနပ်နိုင်သေးသော ကလေးလေး...

Channieလုပ်သမျှ ထိုင်ကြည့်နေလိုက်တယ်
ဖြစ်နိုင်ရင် တင်းကြပ်စွာဖက်ထားချင်တာပေါ့ ၅နှစ်လောက်လွမ်းနေခဲ့ရတာ

ဒါပေ့မယ်လည်း သူခွင့်မလွှတ်သေးရင်လည်း
ကိုယ်အပြစ်မကြေသေးဘူးပဲ မှတ်ပြီး သူကျေနပ်သလို့နေပေးရမှာပေါ့
ဆိုးချင်သလောက် ဆိုးစမ်းပါ ကလေးရာ

.............

အမြဲ ယုံကြည်မှုလွန်ကဲနေတဲ့အကိုမျက်ဝန်းတွေ့ပဲ ဖောက်ထုတ်ပြစ်ချင်သား
အကိုကို့ အကို သိပ်ယုံကြည်တာလား
ဒါမှ မဟုတ် အရင်လို့ပဲ အကိုအတွက် သားကရှိနေပေးအုံးမယ်ဆိုပြီး ယုံကြည်နေသေးတာလား

အကို.....(KY)Where stories live. Discover now