sebaek 2

2.2K 198 20
                                    

*appa ကျွန်တော်ကို ဖားအရှင်တစ်ကောင်လောက်ဝယ်ပေးပါလား*

*ဟမ် မင်းပဲ ဖားကြောက်တယ်ဆို ဖားအသေမြင်ရင်တောင် အန်နေပြီတော့ *

*ကျွန်တော်ကို ဒီတိုင်းပုံးထဲပဲ ထည့်ပေးလေ ပုံးနဲ့ယူသွားမှာ ကျွန်တော့်သူငယ်ချင်းတွေ့ထဲမှာ ဖားချစ်တဲ့သူရှိလို့ သူမွေးနေ့လက်ဆောင်ပေးချင်လို့*

*ဟုတ်မှလည်းပြော ငါ့သား မင်းဘယ်မိန်းကလေးကို သွားစမလို့လဲ *

*အာ...appaကလည်း မစပါဘူး စိတ်ချပါ
နော် ဝယ်ပေးနော် နော်လို့ appa*

*အေးပါ ဝယ်ပေးပါမယ် စတယ်ဆိုတဲ့အသံကြားလို့ကတော့နော်*

*အင်းပါ appaရဲ့ ချစ်တယ်လေနော် မွမွ*

*တော်စမ်း လိုတာရှိရင် ချစ်တယ်လေနော် မွမွနဲ့ လာမလုပ်စမ်းနဲ့*

*ဒီအဖေလေးတစ်ယောက်ရှိတာ ချစ်တာပေါ့လို့*

*အော် မင်းက နှစ်ယောက်ရှိရင် ငါမချစ်ဘူးဆိုတဲ့သဘောပေါ့*

*အဲတာကတော့ ommaကိုမေးကြည့်ပေါ့ ကျွန်တော်အဖေဘယ်နှယောက်ရှိလဲဆိုတာ 😂 ပြေးပြီ*

*ဟေ့ကောင် baekhyun ငါနော် အဖေကိုက စသွားသေးတယ် ဒါနဲ့များ ငါက ဒင်းကို ဖားဝယ်ပေးရအုံးမယ် *

################################

တစ်လမ်းလုံး ရင်တခုန်ခုန်နဲ့သယ်လာရသော ဘူး..
အထဲကဖားက တစ်ခါတလေ ခုန်နေသေးတယ်

ဘူးကြီးများ ပွင့်သွားရင် ငါအပေါ်ဖားကြီးလာကပ်မှာပဲဆိုတဲအတွေးနဲ့ ရင်တခုန်ခုန် ကြက်သီးတထထနဲ့

ဒင်း လောရှည်ကောင် ဒင်းကြောင့် ဖားပဲ
ဒင်းကို ဆဲရလွန်းလို့ ငါ့ပါးစပ်တောင် ဖားဆွဲချင်လာပြီ

ပြောရရင် ဒီနေ့ လောရှည်မွေးနေ့..

Basketball တစ်ဖွဲလုံးကို ဖိတ်ထားတာဆိုတော့ သွားရတော့ပေါ့
ဒီက ချစ်ဖို့ကောင်းတဲ့ စီနီယာချောချောလေးကလည်း လက်ဆောင်ပေးချင်နေတဲ့အချိန်ဆိုတော့
စိတ်တော့မကောင်းဘူးပေါ့ လောရှည်လေးရယ်

Birthday သီချင်းတွေ့ဆို ကိတ်ခွဲ
ပေးထားတဲ့လက်ဆောင်တွေ့ဖောက်နဲ့ ပျော်စရာကြီးပေါ့

အကို.....(KY)Where stories live. Discover now