7

2.5K 247 43
                                    

သည်းခံပေးနေတယ် ကိုယ်မာနကို ဖြည်းဖြည်းချင်းဖြိုချနေတာတွေ့
ယုံကြည်ပေးထားတယ် နောက်ဆုံးမှာတော့ ကိုယ်ဆီရောက်လာမှာပါဆိုပြီ

Replyနောက်ကျရင် ဟိုတစ်ယောက်နဲ့စကားပြောနေရလို့လားဆိုတဲ့အတွေးက မတွေးချင်ပေ့မယ်တွေးမိနေတယ်
အချစ်ကိုမျှယူနေရသလို့ပဲ ခံစားနေရတယ်
စိတ်မရှည်တာတွေ့ကို အရင်ကထက်ပိုကြောက်လာတယ်
ကိုယ်စိတ်နဲ့ကိုယ်မသတ်မိဖို့ တော်တော်ထိန်းချုပ်နေရတယ်

ဒါပေ့မယ်
ညနေပိုင်းအပြင်ထွက်တော့
အဆောင်လမ်းကြားကနေ လက်ချင်းချိတ်ပြီးထွက်လာတဲ့အကိုတို့နှစ်ယောက်
စိုးရိမ်တစ်ကြီးကြည့်နေတဲ့sehunကိုပြုံးပြနေတဲ့အပြုံးတွေ့က ပီပြင်မှာတော့မဟုတ်

သူငယ်ချင်းတွေ့ကတော့ ပြောပါတယ်
မင်းက ပထမလူဆိုတာလူတိုင်းသိတာပဲတဲ့
ရိုင်းရိုင်းပြောရရင် မယားကြီးနဲ့မယားငယ်ဆို မယားငယ်က ပိုဦးစားပေးခံရတယ်မလားလို့ပဲ ပြန်ပြောချင်တော့တယ်

*ငါကျောပိုးရမလား chanyeol*
စိတ်ညစ်တိုင်း လူကိုကျောပေါ်တင်ပြီး ပတ်ပြေးပေးတတ်တဲ့sehun
ဘာမှမပြောတော့ပဲ ခေါင်းညိတ်ပြပြီး sehunကျောပေါ်သာတက်လိုက်တော့တယ်

*ကျောပေါ်က ဝက်ပေါက်လေးကို ရောင်းချင်ပါတယ်ဗျို့..*

*Yarrrrrr oh sehun*

နှစ်ယောက်လုံးအတူတူအော်ရီမိတယ်

################################

Taeminမွေးနေ့ရှိတာကြောင့် မသောက်ချင်ပေ့မယ် အားနာလို့နည်းနည်းသောက်လိုက်ရတယ်
အရည်လေးက နည်းနည်းဝင်ထားတာ ရစ်ချင်လာတယ်

~~တူ..တူ

*ဟယ်လို channie*

*အင်း အကို ဘာလုပ်နေတာလဲ*

*သီချင်းနားထောင်နေတာလေ ဘာလိုလဲ*

*ပျင်းလို့ စကားပြောချင်လို့*

*အင်း ဘာပြောချင်လဲပြောလေ*

*.......*
.
.
.
.
.
.
*channie ခဏ ဖုန်းဝင်လားလို့ ပြီးရင်ပြန်ခေါ်မယ်နော်*

စကားပြောတာ နာရီဝက်တောင်မရှိသေးဘူး
ကိုယ်ထက်ဘယ်သူက အရေးပါလို့ ဖုန်းချသွားရတာလဲ
စောင့်နေပေးတယ် ဖုန်းပြန်ခေါ်မယ်ဆိုတာစကားကိုယုံပြီး

အကို.....(KY)Where stories live. Discover now