---My Note---

1.1K 74 5
                                    

titleလေးက For Me From My hearts ဆိုတော့ကာ အကြမ်းဖျင်းအားဖြင့် FM လို့ခေါ်ကြတာ
ပေါ့...။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် ဒါလေးကို
ကျွန်တော့်အတွက် ဖန်တီးထားတာ...။

ကျွန်တော့်တစ်ယောက်တည်းအတွက်ရှိမယ့် Zoey FM ပေါ့...။ ဒါပေမယ့်... ခဗျားလေးတို့ဆီက လှိုင်းတွေရှိမှ ကျွန်တော်ထုတ်လွှင့်လို့ရမှာ...။

တကယ်တော့လေ... ကျွန်တော့်မွေးနေအတွက်ဆိုပြီး
ရည်ရွယ်ပြီး ဒါလေးတွေကို လိုက်တောင်းထားတာ...။
fanfiction မဟုတ်ဘဲ ကျွန်တော့်အတွက် သီးသန့်
ရေးပေးထားတာမျိုးပေါ့။

တစ်ချိန်ချိန် ကျွန်တော် wattpadကနေ ပင်စင်ယူ
တော့မယ့်အခါ... ကျွန်တော့်အတွက် ရည်ရွယ်ထားတာ
လေးတွေကို တခုတ်တရပြန်ဖတ်ကြည့်ရင်း ပြုံးချင်ပါ
တယ်...။ ဟုတ်တယ်လေဗျာ... ကျွန်တော်က ခဗျားလေးတို့လို ငယ်တဲ့သူမဟုတ်တော့ဘူး... ... ...
အလုပ်ဝန်တွေပိုပိလာတဲ့အခါ...အိပ်မက်ကို ဒီထက်ပို
အကောင်အထည်ဖော်ဖြစ်တဲ့အခါ... fiction ဘက်ကို ကျဲပါးသွားချင်ကျဲပါးသွားတော့မှာ(အင်း... အခုလည်း updateတွေ သိပ်စိပ်နေတာတော့ မဟုတ်ပေမယ့်လို့ပေါ့...)။
အဲ့တော့ကာ...အဲ့တော့ကာ... ကျွန်တော် ဒါလေးကို
ဖန်တီးထားချင်တယ်လို့ပြောရင် တရားမလွန်ပါဘူးနော့
ကွာ...၊သိတယ့်အတိုင်း ကျွန်တော်က သိပ်လောဘကြီး
တာကိုး...။

ကျွန်တော် လိုက်မတောင်းဖြစ်တဲ့အခါ...
ဒါမှမဟုတ်... ကျွန်တော့်ကို ပေးချင်၊ပြောချင်တာမျိုးရှိ
တဲ့အခါ...
ကျွန်တော့်gmail acc---zoeyalpha2212@gmail.com ကို ပို့ပေးလို့ရပါတယ်။ မဟုတ်ဘူး... ပို့ပေးပါလို့ ကျွန်တော်
တောင်းဆိုမယ်...။ နာမည်ဖော်ပြစေချင်တဲ့အခါ
နာမည်ဖော်ပြမယ်... ဖွက်ထားပေးပါဆိုလည်း ဖွက်ထားပေးမှာပေါ့...။

ကျွန်တော့်မွေးနေ့က Decလမှာပါ...။
မွေးနေ့လက်ဆောင်ပေးတယ်လို့သဘောထားပြီး
နောက်မှာ upမယ့်စာလေးတွေမျိုး စာလေးတွေ ရေးပေးမယ်ဆိုရင် သိပ်ပျော်မိမှာပါပဲ...။
ကြိုပေးထားရင် ပိုသဘောကျပါတယ် XD

အာ... သဘောမကျတာတွေ... မကျေနပ်တာတွေ...
မုန်းတာတွေကိုပါ စိတ်ကြိုက်ရေးလို့ရတာမို့
အခွင့်အရေးတစ်ခုလိုသဘောထားပြီး ကျွန်တော့်ကို
စိတ်ကြိုက်မကျေနပ်ကြည့်ကြပါလေ...။

ပြောတယ်နော်... မွေးနေ့လက်ဆောင်ပါ...
(မွေးနေ့ကျော်သွားလည်း ထပ်တောင်းနေဦးမှာပါပဲ)
ဒီလောက်လေးတော့ တောင်းဆိုခွင့်ရှိတယ်မလား?

အခုအချိန်အထိ အများကြီးချစ်ပါတယ်---

2.10.2018 Tue

For Me From My heartsWhere stories live. Discover now