02

9.1K 610 7
                                    

ကိုယ်မင်းနဲ့သာထပ်တွေ့ခဲ့ရင်


နံနက်ခင်းအိပ်ရာထနောက်ကျသော
Baekhyunအတွက်
အမေဟာအမြဲလာနှိုးရစမြဲသာ

ချစ်မဝသောသူမသားလေးအားကြည့်ရင်း
နှိုးဖို့မေ့နေစမြဲ...

"Baekhyun သား
ထတော့..ကျောင်းနောက်ကျနေပြီ.."

လက်၅ချောင်းထောင်ပြကာ

"၅မိနစ်လောက်ပဲOmma.
၅မိနစ်လောက်ပဲ "

"ရှစ်နာရီထိုးနေပြီ..."

"ဟင်.."

"Omma.သွားပြီ"

"ဘာသွားတာလဲ.."

"သားကျောင်းနောက်ကျသွားပြီလို့.."

ဝရုန်းသုန်းကားပြင်ဆင်
လျပ်စီးလိုအလျင်ဖြင့်
ကျောင်းသို့သုတ်ခြေတင်လေသည်

"သား မနက်စာစားသွားဦး"

"ရတယ်..Omma.
သားသွားပြီ.."

Bus-stopသို့
လေအဟုန်ဖြင့်ရောက်လာပြီး
အသက်မနည်းလုရူနေရသည်

"ဟော..ဟဲ..တော်သေး..ကားကချက်ချင်းလာလို့"

ကားပေါ်သို့အမောဖြေရင်း
လိုက်ပါလာလေသည်

ဒီနေ့မှအရာရာတိုင်းဟာ
နောက်ကျနေသလိုပဲ
ဆရာဝူရိဖန်ရဲ့မျက်နှာကိုပြေးမြင်ယောင်ပြီး
ကျောချမ်းလာသည်

Ommaရေ..Ommaရဲ့သားလေး
အရေခွံဆုတ်ခံထိတော့မယ်ထင်တယ်..

ထိုင်ခုံနေရာမရ၍
မတ်တပ်ရပ်နေရသော.Baekhyun

ကားဘရိတ်အုပ်လိုက်သောအခါ
အရှိန်မထိန်းနိုင်စွာ
ဘေးကလူရဲ့လက်အား
ကိုင်ထားမိသည်

မိမိဘေးနား၌ရပ်နေသော
ထိုလူအားသတိထားမိသည်မှာ
ကားပေါ်တက်ကတည်းက

အရပ်ရှည်ရှည်..နားရွက်ကားကားလေးဖြင့်
သို့သော်မာဖလာအားမျက်နှာတစ်ဝက်တိတိ
ပတ်ထားသောကြောင့်
မျက်လုံးလေးများကိုသာမြင်ရသည်

WHEN I MEET YOU Where stories live. Discover now