"အေးဟုတ်တယ်"

"တော်ကြာဘောလုံးကန်ရင်း စိတ်က ကိုရီးယားရောက်နေလို့ ဘောလုံးမှန်တော့မှာပဲ"

"ဟားဟားဟား"

နွားနို့နွှေးတာရပြီမို့ microwave ထဲကနေထုတ်ပြီးစားပွဲပေါ်တင်ကာ ပေါင်မုန့်မီးကင်အား ပန်းကန်ထဲထည့်လိုက်ပြီး ကြက်ဥချောင်းကြော်နေသော Kyung Soo ကိုထိုင်စောင့်နေလိုက်သည်။

"ရပြီစားရအောင်"

စားပွဲတွင်ဝင်ထိုင်ကာပေါင်မုန့်မီးကင်အားတစ်ကိုက်စာဖဲ့လိုက်ပြီးအသာဝါးနေလိုက်သည်။

ဒီလိုနူးနူးညံ့ပေါင်မုန့်ကိုဒီမှာစားတာနည်းသည်။ခေါင်းရိုက်ရင်ကွဲလောက်သည့် ပေါင်မုန့်မာမာများသာ ဆိုင်များက အတင်များသည်။

ရောက်စကာဆို အဲ့ပေါင်မုန့်ကြီးကို ဘယ်လို လုပ်စားရမှန်းလဲမသိ ဒီတိုင်းကိုင်စားရင်လဲ ပါးညောင်းအောင် ဝါးနေရမှာ နွားနို့နဲ့တို့စားတော့လဲပျော့မလာ အတော်ကိုဒုက္ခရောက်တာ။

နောက်တော့ အကို မြောင်အင်း ရောက်လာပြီး လုပ်ပေးလိုက်ကာမှ ပျော့ပျော့လေး စားလို့ရသွားတာ။

ပေါင်မုန့်မာမာတွေ ဝယ်လာမိတိုင်း အစ်ကိုမြောင်အင်း နည်းအတိုင်းပဲလုပ်စားတော့တာ နောက်ပိုင်းကျ အဆင်ကိုပြေလို့။

စားပြီးသောက်ပြီးကာ အခန်းထဲပြန်ဝင်လာတော့ ခေါင်းကိုက်သည်ဟုဆိုကာ ကုတင်ပေါ်တွင် လက်ထောက်ထားသည့်အပေါ် ခေါင်းတင်ကာငြိမ်နေသော Kyung Soo ကြောင့် ဆေးပဲပြေးဝယ်ပေးရမလိုလို ကျောင်းဆေးခန်းပဲ ပြေးရမလိုလိုနှင့်။

"Kyung Soo ya ငါ ဆေးသွားဝယ်ပေးရမလား"

ဤနိုင်ငံတွင် ဆေးကရာသီလိုက်ထုတ်သည်မို့ ဝယ်ဆောင်ထားလို့မရပေ။

သူ့ရာသီအလိုက် ဖြစ်နေသည့်လက္ခဏာကိုပြောကာ ဆေးဝယ်ရသည်ပင်။

ကျွန်တော်တို့ ကိုရီးယားမှာလဲ ထိုနည်းတူစွာပင်။ ရောဂါဖြစ်မှဆေးဝယ်ရတာအလုပ်ရှုပ်ပေမယ့် ပျောက်ကင်းမှု့နှုန်း မြန်သည်လေ။

"အင်း ကူညီပါနော်"

"အေးခနပဲစောင့်"

အပေါ်ထပ်ကောက်ဝတ်ကာ ပိုက်ဆံအိတ်နှင့်ဖုန်းအား အိပ်ကပ်ထဲထည့်ကာ အောက်သို့ဆင်းလာလိုက်သည်။

Perfect StrangerDonde viven las historias. Descúbrelo ahora