ရေချိုးခန်းထဲဝင်ကာ ပွနေသောဆံပင်အား တစ်ချက်သပ်တင်ရင်း သွားတိုက်လိုက်၏။
သန့်ရှင်းခြင်းအမှု့ပြီးလေတော့ ပြန်ထွက်လာပြီး မျက်နှာအားသုတ်ကာ Mist လေးဖြန်းလိုက်သည်။
"ပြီးပြီ သွားစို့ စားသောက်ခန်းထဲ တစ်ခုခုလုပ်စားရအောင်"
နှစ်ယောက်သား ဘီရိုထဲတွင်ထည့်ထားသော အခြောက်အခြမ်းနှင့်မုန့်များယူကာ စားသောက်ခန်းထဲသို့
ဝင်ခဲ့လိုက်သည်။
မနက်စောစောစီးစီးမို့ မည်သူမှတော့ရှိမနေ။
ထို့ကြောင့် နေရာလုရန်မလိုပေ။
ဒယ်အိုးတို့ ယောင်းမ တို့မှလွဲ၍ဟင်းချက်ပစ္စည်း တစ်နည်း digital မီးဖိုတို့ microwave တို့ရှိသည်မို့ အတော်အဆင်ပြေလှသည်။
ညကမှဝယ်လာသော ပေါင်မုန့်အားမီးကင်ရန် စက်ထဲသို့ထည့်လိုက်ပြီး နွားနို့ဘူးအား microwave ထဲသို့ထည့်ကာ အပူပေးထားလိုက်သည်။
"Kyung Soo ya ငါတို့ Jam လဲမဝယ်ခဲ့ရဘူး"
"ညနေစောင်းလောက် ဒါမှမဟုတ် နေ့လည်လောက် တစ်ခုခုစားရင်း သွားတာပေါ့"
ကြက်ဥချောင်းလှီးနေသော Kyung Soo က လှည့်ပြောပြီး အရှေ့သို့ပြန်လှည့်သွားလေသည်။
"Morning~"
ဘောလုံးပိုက်ကာ ဝင်လာသော Jame Wai သည် ကျွန်တော်တို့နှစ်ယောက်ကိုမြင်တော့နှုတ်ဆက်လေ၏။
"Morning Jame"
ထိုင်ခုံတွင်ထိုင်နေသောကျွန်တော်က ပြုံး၍ပြန်နှုတ်ဆက်လိုက်သည်။
"When time Jung Woo came back?"
"Immm just 1 week after"
"Arr! Time is so long"
ရှုံ့မဲ့သွားသော Jame သည် ကျွန်တော့်အထင် Jung Woo အပေါ်စိတ်နဲနဲဝင်စားနေသည်ထင်၏။
Jung Woo ပြန်သွားတဲ့နေ့က အခန်းထိရောက်လာကာ ငိုသွားသေးသည်လေ။
"I am going out bye~"
စိတ်ဓာတ်ကျသွားတဲ့လေသံနှင့် ဘောလုံးလေးပိုက်ကာပြန်ထွက်သွားလေ၏။
"Baekhyun ya ငါတော့ မြင်ယောင်သေးတယ်"
"Jung Woo ပြန်လာရင်လား"
YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
