နောက်ကွယ်မှာ ဒီလောက် လွန်ကျူးထားကြပြီး လူကို ရှေ့ မှောက်ထား အကြောခပ်တင်းတင်းနဲ့ မဟုတ်ပါဘူးစကားကို မူမပျက် လိမ်နိုင်သော ခင်ပွန်းဖြစ်သူ၊ မျက်နှာပြောင်တိုက်ပြီး အိမ်ပေါ်ထိ တတ်လာကာ သူမကို ဘာမှမဖြစ်သလို မျက်နှာချင်းဆိုင်ရဲသော ယောက်ျား။ ဒီလူမဆန်တဲ့ ယောက်ျားနှစ်ယောက်ကို ဘယ်လိုလုပ်သင့်လဲ ...

စိတ်ရှိလက်ရှိ ၀ုန်းဒိုင်းကြဲ သောင်းကျန်းပစ်ချင်သည့် စိတ်ကို ထိန်းချူပ်ထားရသည်မှာ သွေးတွေ ခြောက်ခမ်းလုမတတ်။ ခန္ဓာကိုယ်သာ စက္ကူရွက်လို ပေါ့ပါးနေမည်ဆိုလျှင် ခုနက စိတ်ကူးတွေက တကယ်လုပ်တွေ့လုပ်ဆောင်မိသား ဖြစ်သွားလိမ့်မည်။

တကယ်လက်တွေ့မှာ ကိုယ်တိုင်က ထိုနေရာမှ အမြန်ပြေးထွက်နိုင်ဖို့အတွက်ပင် မနည်းအားယူရသည်။

လုပ်ပစ်ချင်သည်၊ ဆဲဆိုပစ်ချင်သည်၊ ရိုက်သတ်ပစ်ချင်သည်။ သို့သော် ဒီကိစ္စကြီးကို ထိတ်လန့်အံ့သြသွားသည့်စိတ်ထက် တုန်လှုပ်ကြောက်ရွံ့ မိတာ ကိုယ်တိုင်သာ သိသည်။ ငါသာ လုပ်ပစ်ရင် သူဘယ်လိုတုန့်ပြန်လာမလဲ၊ နောက်ဆက်တွဲဘာဖြစ်မလဲ ... ဆင်ခြင်တုံတရားက အကြောက်တရားကိုပါ ဆောင်ကြည်းလာသည်။

ထိုအကြောက်တရားက ကိုယ်မှာ ကိန်းအောင်းနေတာကို မေမမနိုင်တစ်ယောက် လက်မခံချင်။ တကယ်တမ်း ဖောက်ပြန်မှားယွင်းခဲ့တာ သူတို့လေ .. ငါကဘာလို့ သူတို့ကို ပြန်ကြောက်နေရမှာလဲ။ မလုပ်ရက်တာ မဟုတ်၊ မလုပ်ရဲတာလည်းမဟုတ်၊ ပင်ကိုထက်မြက်သော အသိတရားက မလုပ်သင့်ဘူးလို့ ထိန်းချူပ်နေသောကြောင့် မမနိုင် ဘာမှမလုပ်ခဲ့တာဖြစ်သည်။

မိန်းမတစ်ယောက်ခံစားချက်အနေနဲ့ ထမိန်ကို ခါးတောင်းကျိုက်၊ အသေသတ်ပစ်ရင်တောင် သူတို့အပြစ်က မကျေဘူး။ အဲ့ဒါကို ငါက ကြောက်ပြီး ထွက်ပြေးခဲ့ရသတဲ့ ...

အခု ငါဘာဆက်လုပ်သင့်လဲ ... ဒီအတိုင်း မသိချင်ယောင်ဆောင် ရှေ့ ဆက်ဖို့က လုံးဝမဖြစ်နိုင်။ သက်သေရှာရမယ်၊ သူတို့ မငြင်းနိုင်မဲ့ သက်သေ ငါရှာရမယ်။ ငါ့ဖက်က အခိုင်အမာမပြဆိုနိုင်ရင် သူတို့ ငြင်းကြဦးမယ်။ ထပ် ထပ် အယုံသွင်းပြီး လူကို အရူးဇာက် ဆက် ဆက်ခင်းလိမ့်မယ်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now