Part -4 (Unicode)

2.9K 142 23
                                    

{ အရိပ်တကြည့်ကြည့် } [series-2]

" တွေ့လား... ပင်ကီတော်တယ်မလား"

" 😏တော်ပါပေတယ်"

" ဒါပဲလေ😎"

အနံ့နံတာတွေ တခြားအရာတွေကို ဂရုစိုက်စရာမလိုတော့ပဲ သူတို့နှစ်ယောက်ရဲ့ သီးသန့်ကမ္ဘာလေးဆီခဏရောက်သွားတော့ အနည်းငယ်ရှက်စိတ်ဝင်လာကြသည်။

ပင်ကီကတော့ ခေါင်းကုတ်လိုက် ဟိုကြည့်ဒီကြည့်လုပ်ကာ နံရံကို မှီပြီးဒီတိုင်းမတ်တပ်ရပ်နေသည်မို့ ဟေမာန်က အရှေ့တိုးလာကာ-

" မြန်မြန်လုပ် အကြာကြီးဝင်နေလို့မှမရတာ🙄"

" အင်း😅"

ပင်ကီက ဟေမာန်ရဲ့ အကြည့်တွေမရှောင်လွဲတော့ပဲ အကြည့်ချင်းဆုံကာ ဖက်လိုက်သည်။ အသက်ကို ဝအောင်ရှူလိုက်ကာ အကြည့်တွေက ဟေမာန်ရဲ့ နှာတ်ခမ်း တစ်စုံဆီရောက်လာသည်။

မျက်လုံးကိုစုံပိတ်ထားကာ ပင်ကီရဲ့ နှုတ်ခမ်းတွေ ဟေမာန်ရဲ့ နှုတ်ခမ်းတွေဆီသွားနေသည်။ နှုတ်ခမ်း နှစ်ခု ထိ ကပ်သွားသည်နှင့်အတူ နှစ်ယောက်လုံးရဲ့ ရင်ခုန်နှုန်း တွေလည်းတိုးလာလေသည်။

ခဏအကြာ ဟေမာန်ရဲ့နှုတ်ခမ်းတွေက တဖြည်းဖြည်း စတင်လှုပ်ရှားလာတော့သည်။ ထိကပ်နေရာမှ ပင်ကီရဲ့ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းတွေကို သာသာလေး စုပ်ယူနေသည်။ ပင်ကီက ဟေမာန်လုပ်သမျှကို မတုန့်ပြန်သေးပဲ အနမ်းတွေ ခံယူနေသည်။

စုပ်ယူသည့် အခါ ပင်ကီရဲ့ခေါင်းက အနောက်ပြန်ရွေ့သွားသည်မို့ ဟေမာန်လက်တွေက လည်ပင်းကို ကိုင်ကာ ထိန်းပေးထားသည်။ အနမ်းတွေအောက် စိတ်ကြွလာသည်နှင့်အတူ ဟေမာန်က တစ်ဘက်ကိုခေါင်းပြန်စောင်းကာ အနမ်းတွေကလည်း မြန်ဆန်လာသည်။ ပင်ကီ နှုတ်ခမ်းတွေကလည်း ဟေမာန်ရဲ့နှုတ်ခမ်းတွေကို ပြန်စုပ်ယူဖို့ ကြိုးစားရင် အနမ်းတွေကိုပြန်တုံ့ပြန်နေသည်။

တိတ်ဆိတ်နေသည်မို့ နှုတ်ခမ်းနှစ်ခုအနမ်းဖလှယ်နေသည့် အသံရဲ့ရဲ့လေးတွေလည်း အခန်းတွင်း ပြန့်နှံနေသည်။

အနည်းငယ်မောလာသယောင် ဖစ်သဖြင့် အနမ်းတွေခွါလိုက်ပြီး ပင်ကီကိုလွတ်ပေးလိုက်သည်။ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ရဲသောကြောင့် ရှက်ပြုံးပြုံးကာ အကြည့်ချင်းရှောင်နေကြသည်။

အရိပ်တကြည့်ကြည့်( Series- 2)Unicode+ZawgyiWhere stories live. Discover now