🌺အချစ်ပန်းတွေပွင့်ဖို့  စောင့်ရချိန် 🌺

Start from the beginning
                                        

" အကိုက ဒီအကို့ မိတ်ဆွေဆိုရင် လာခေါ်ပေးပါ ။ ကျွန်တော် တို့  ဘားက ပိတ်တော့မှာမို့  "

သွားရမှာလို လို.. ထိုင်ပဲနေရတော့မလိုလို သူနဲ့ ပတ်သတ်လာရင်ကျွန်တော်ဆိုတဲ့ကောင်က အမြဲဒွိဟတွေနဲ့ နေသားကျနေသူရယ်။။

" မသွားနဲ့ .. သူ့ မန်နေဂျာ ဆီဖုန်းဆက်သွားခိုင်းလိုက်.. လူတစ်ယောက်ရဲ့ နေရာက မရှိတော့မှ ဘယ်လောက်အလေးထားရမှန်းသိသွားအောင် "

တခါတလေ ဒီကလေးမ လုပ်ခိုင်းတာတွေက နားမလည်တာတွေချည်းပဲ။ ကျွန်တော် ဝေခွဲမရတာတွေဆို သူမ က ဖြေရှင်းပေးနေတာ ။ မသိရင် သူကမှ ကျွန်တော့် မန်နေဂျာ

~~~
့ဘာတခုမှ စိတ်တိုင်းမကျဘူး
သူနဲ့ တုန်းကလိုလွတ်လပ်မှု မရှိတော့တာကတော့ ပြောစရာကို မလိုတော့တာ။

သူဖျော်တဲ့ အမေရိကာနိုလေးကို လွမ်းတယ်။

သူကိုယ်တိုင် ခိုးပြီးလုပ်ကျွေးတဲ့ ညလယ်စာမှို ခေါက်ဆွဲကိုလွမ်းတယ်။

ခေါင်းလျှော်ပြီးတိုင်းမမီမကမ်းလှမ်းသုတ်ပေးတတ်တဲ့ မန်နေဂျာပေါက်စိလေးကို လွမ်းတယ်။

ပင်ပန်းတိုင်း ခေါင်းတင်အိပ်လို့ ရတဲ့ ပခုံးလေးတွေကိုလွမ်းတယ်။

ကျွန်တော် စ လိုက်တိုင်း နီသွားတဲ့ ပါးလေး နှစ်ဖက်ကို လွမ်းတယ်။

Noonaဆီ သွားမယ်လို့ ကျွန်တော်ပြောတိုင်း လွမ်းဆွေးနာကျင်သွားတတ်တဲ့ မျက်ဝန်းလေးတွေကို လွမ်းတယ်။

Noonaဆီကို သွားတယ်ဆိုတာကျွန်တော့် စိတ်ကို ကျွန်တော်  သွားစစ်ဆေးနေတာ ။ noonaက အမ အရင်းတစ်ယောက်လို ခင်တာပါ ။

သူ့ အမူအကျင့်တိုင်းကို ဆေးစွဲသလို စွဲပြီိးိမ်မက်ထဲတောင် ထည့်မက်ခဲ့ရတဲ့ကောင်က ကိုယ်တိုင်ဘာဖြစ်နေမှန်းမသိလို့  noonaဆီ သွားမေးတာ
* မင်း သူ့ ကို သိပ်ချစ်မိနေတာ * တဲ့ ။

~~~

" Baek ကျွန်တော် တို့  စကားခဏပြောရအောင် "

" မဖြစ်ဘူး ငါ နီနီရဲ့ နောက်ရိုက်ကွင်းနေရာ လိုက်ရဦးမှာ "

" ရတယ်.. ပြီးမှလိုက်လာ.. နီနီ သွားနှင့်မယ် "

ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့  နီနီလေးက ပြောပြီးထွက်သွားလေရဲ့ ။

" ဘာပြောချင်လဲ chanyeol "

" Saranghae! "

" ဟမ် "

" အရမ်းချစ်တယ်လို့  .. မပြောရရင် ရူးလောက်အောင်ကိုခံစားနေရတာမို့  အရမ်းချစ်တယ် Baek... မင်းကို အရမ်းချစ်တယ် Byun Baek hyun "

သူ့ စကားလည်းဆုံးရော ကျွန်တော့်  မျက်ဝန်းက မျက်ရည်စ နဲ့  နှုတ်ခမ်းထက်က အပြုံးတို့ က တချိန်တည်းလိုလို ဖြစ်ပေါ်လာခဲ့သည်

" မင်းရင်ဘတ်ထဲ ငါစိုက်ခဲ့တဲ့ အချစ်ပင်လေးက အချစ်ပန်းတွေပွင့်တာကြာလိုက်တာ "

ငိုပြုံးပြုံးနေတဲ့ကောင်လေးကို ရင်ခွင်ထဲဆွဲထည့်ရင်း

" အင်းနော်.. ကျွန်တော့်  ဟျွန်းနီလေး အချစ်ပန်းတွေပွင့်ကို တော်တော်စောင့်လိုက်ရတာပဲ "

ခပ်ဟဟ ရယ်သံလေးနဲ့  ကျွန်တော့် ခါးဆီ သွယ်ယှက်လာတဲ့လက်လေးပို တင်းကြပ်သွားမှ ကျွန်တော် လည်း ပိုလို့ ပိုလို့ ခပ်တင်းတင်းတိုးဖက်ထားလိုက်မိသည်။

ဤအချင်းအရာကို ကင်မရာတလက်နဲ့  တဖျက်ဖျက် မှတ်တမ်းတင်နေသူရယ်က  nini..  Baekyeol shipper websiteရဲ့  leader..

" Gp ထဲ ပုံတင်လိုက်ဦးမယ် ပြီးမှ ငါ့ဦးငယ်လေး ဘယ်လိုရှင်းရှင်း...
Caption က not edition "

~~~~~the end~~~~

ကျေးဇူးပါ မကောင်းမကန်းလေးကို ရှုစားပေးလို့ 

ဘယ်သူတွေ ဘယ်လိုပြောပြော အချစ်မလျော့ပစ်ပါနဲ့ 
ကိုယ့်လိပ်ပြာ ကိုယ်လုံတဲ့ L တစ်ယောက်ဖြစ်ပါစေ

နေကောကလည်း တကယ်ကို မအားတာ destinyလေးကို မထွမ်နိုင်လို့  ထုတ်နေဆဲ မေးခွန်းတွေပစ်ပြီး only oneလေး ရေးလိုက်ရတာ
လူရည်ချွန်စာမေးပွဲ  , ဒီဇင်ဘာ လပတ်,  စုံညီအတွက် အက ဘာညာ  😭😭

မရေးတာကြာနေပြီဆိုတော့ မကောင်းဘူးပေါ့ အစ ကတည်းက မကောင်းတာပါ 😂


Chanbaek ~~~Only one collection 💜Where stories live. Discover now