~~~~
Noona ဆီက ပြန်လာတော့ ရုံးခန်းထဲက သူ့ စားပွဲပေါ်ကရှိရှိသမျှတွေ ကတ် ပုံးထဲထိုးထည့်သိမ်းနေတဲ့ Baek hyungကြောင့်
Noonaဆီကရလာတဲ့အဖြေကြောင့် ပျော်လာတဲ့ စိတ်က ကြက်ပျောက်ငှက်ပျောက်။ မျက်ခုံး၂ခုကို တွန့် ချိုးလိုက်ပြီး
" ဒါဘာလုပ်နေတာလဲ..? "
" ပြန်လာပြီလား ? .. စားပွဲ ပေါ်မှာ ကော်ဖီဖျော်ထားခဲ့တယ် "
" အလုပ်ဖြုတ်ခံလိုက်ရတာလားး ? "
သိမ်းနေတာတွေကို ဆွဲယူပြီး အမောတကောပြောလာတဲ့ သူ့ ကြောင့် နည်းနည်းတော့.. အင်း..
" မဟုတ်ပါဘူး.. Artistပြောင်းခံရတာပါ..
ငါ အခု မင်း မန်နေဂျာမဟုတ်တော့ဘူး ။ ဘာမှ ပတ်သတ်စရာမလိုတော့ဘူး သိလား ။ မင်းက idol လိုင်း ။ ငါက model လိုင်းဖက်ရောက်သွားပြီ "
" ဘယ်သူ့ ဆီကိုလဲ ? "
" ကျွန်မ ဆီကို.. Oppaသိပ် အမေးအမြန်းထူလာတာရော ။ အစစ်မ ဘေးအကြာကြီးသွားနေခဲ့လို့ထင်တယ်။အခုမှ Baek oppaကို အဖတ်လုပ်ရလား သူ့ ဘက်လှည့်ကြည့်ရလား ?
Baek oppa မြန်မြန် သိမ်း.. ကျွန်မ စိတ်မရှည်တော့ဘူး "
" အွန်း ခဏလေး နီနီ... ပြီးတော့မယ် "
ပါးစပ်ရှိနေပါရဲ့ ပြောစရာစကားမရှိတော့တာ ကျွန်တော် ။ တကယ်ပဲ Baekက ကျွန်တော့် ဘေးက တကယ်ပဲ တကယ်ကြီးကိုပဲ ထွက်သွားမှာလား ? လောကကြီး၂ခြမ်းကွဲရင်ဆိုတာသာ တွေးဖူးတာ Baek ကျွန်တော့် ဘေးမှာ မရှိတော့ရင် ဆိုတဲ့အတွေးတခါမှ မတွေးမိတော့... အခု ဘာတွေဖြစ်ကုန်တာလဲ .?
CEOဆီက ပြန်လာတော့ခေါင်းငိုက်စိုက်လျက်...
အမေကဆို အလုပ်တောင်ဖြုတ်ပစ်ချင်တာတဲ့ ။
အကြောင်းပြချက်က ကိုယ့်လူကို မထိန်းနိုင်တဲ့ မန်နေဂျာမို့ ဆိုပဲ ။ ဒါဆို ကျွန်တော့် ကြောင့်ပေါ့ ,, အားးးး ,,
~~~
ပေါ်လာတဲ့ call nameလေးကို ကြည့်ပြီး ကိုင်ရမှာလိုလို ချပစ်ရမှာလိုလို...
" ကိုင်လိုက်လေ.. Oppa "
နီနီရဲ့ night sceneကြောင့် ရိုက်ကွင်းမှာပဲရှိနေသေးတာမို့  နီနီက ၀င်ပြောပေးခြင်းပင်။
🌺အချစ်ပန်းတွေပွင့်ဖို့  စောင့်ရချိန် 🌺
Start from the beginning
