🌺အချစ်ပန်းတွေပွင့်ဖို့  စောင့်ရချိန် 🌺
Start from the beginning
CEO ကြီးပြောနေတာမဟုတ်ဘူးနော်။ သူ့ အမေ parkသူဌေးမကြီး မှာတမ်းခြွေနေတာ.. ။
Company က သူမ ရှယ်ယာ ၄၀% ပါတာမို့  ပြောရေးဆိုခွင့်ကသူမ မှာလည်းရှိသည်။ အခု chanyeolက သာမာန် ဆုတခုကို ရခဲ့တာမဟုတ်...  အာရှတလွှားမှာ အလွှမ်းမိုးနိုင်ဆုံး အနုပညာရှင်အဖြစ်ရွေးချယ်ခံရပြီး နိုင်ငံတကာဆက်ဆံရေးအနုပညာရှင်သံအမတ် အဖြစ် ခန့် အပ်ခံရတာဖြစ်သည်။ အဲ့ပွဲအတွက် chanyeolမတက်မှာကို စိုးရိမ်နေကြတာဖြစ်သည်။
" ပြီးတော့ Baek hyunကို မှာမယ်.. အဲ့နေ့ က အရေးကြီးတယ်ဆိုတာ ငါတို့ လိုပဲ မင်းလည်းသိနေတာဖြစ်လို့ အဲ့နေ့ အတွက် သူ့ အချိန်ဇယားကောင်းကောင်းရေးပေးလိုက်ပါ.. အမှားအယွင်း တစက်မှမလိုချင်ဘူး "
ပြောပြီး ထ ပြန်သွားသော သူ့ အမေကို ဟုတ်ကဲ့ တစ်လုံးသာ ပြန်ပြောနိုင်ခဲ့သည်။ CEOထက် သူ့ အမေကို ပိုကြောက်တယ် ။
~~~
" ငါ ထိုင်ရှင်ခိုးပါမယ်ကွာ.. မသွားပါနဲ့  ဒီနေ့ မင်းဒီလိုလုပ်ရင် .. "
"  Hyung.. Noona က သေရေးရှင်ရေးလေ..
အဲ့ပွဲက ဘာလဲ ဂုဏ်ပြုလွှာလေးတက်ယူတာပဲကို hyung လုပ်လိုက်လည်း အဆင်ပြေတာပဲကို.. ကျွန်တော်သွားပြီ "
ကျွန်တော့်ကို စကားဆုံးအောင်တောင် ပေးမပြော ။
မင်းအတွက် jayhee noonaက အဲ့လောက်တောင်လား  ? 
ငါ နားလည်သွားပြီ ။
~~~
ပွဲမှာ အဓိက လူက မလာတော့ အားလုံးက အိုးတို့ အမ်းတမ်းပဲ။ သနားဆုံးက CEO နဲ့  ကျွန်တော့်ကို ကျွန်တော်။ စီအီးအို ကြီးမလည်း နိုင်ငံရေးပိုသ်းကလူကြီးတွေကို ခေါင်းကျိုးမတတ် တောင်းပန်ရ..
ကျွန်တော့်မှာလည်း လာသမျှလူတွေရဲ့ အမေးတွေ ဖြေရှင်းရ သို့ လောသို့ လော အပြစ်တင်ဝေဖန်တာတွေ ခံစားရနဲ့  ဒီကြားထဲ သူ့ အမေ က မျက်လုံးဒေါက်ထောက်ပြီး ကျွန်တော့်ပဲလိုက်ကြည့်နေသလိုပဲ။ ခံစားချက်တွေမကောင်းဘူး ။
~~~
Chanbaek ~~~Only one collection 💜Where stories live. Discover now