🌺အချစ်ပန်းတွေပွင့်ဖို့  စောင့်ရချိန် 🌺

Start from the beginning
                                        

" ဘာ သယ်နိုင်တာလဲ  ?  ဒီပေါက်စကွေးကိုယ်က ဘာကိုသယ်နိုင်တာလဲ နည်းတဲ့အထုပ်တွေလား? ပေး ကျွန်တော့်ကို "

" နေပါ ငါသယ်နိုင်တယ် မင်းကိုသာ လူတွေမသိနိုင်အောင် ကာကွယ်စမ်းပါ.. မလိုအပ်တာတွေဖြေရှင်းရတာပို မောတယ် "

" အွန်းပါ ခွေးပေါက်စိတ်တိုရယ် "

ကျွန်တော်ဘာမှ မပြန်ပြောနေတော့ဘဲ သူတို့ ဝယ်ခြမ်းထားသမျှအထုပ်တွေကိုသာ ကားဆီရောက်အောင်သယ်လာခဲ့သည်။  chanyeol ၀ယ်တာကနည်းနည်းလေးပါ noonaကအများကြီးဝယ်ထားတာ သူ့ အထုပ်တွေကို  chanyeolကိုင်ပေးမှာ မလိုတာတာတော့ အမှန်။ ကိုယ့် artistမို့ မပင်ပန်းစေချင်တာနေမှာပါ ။

~~~

" Chanyeol..  ဒီ  articleတွေ အတွက်မင်းမှာ ဘာဖြေရှင်းချက်ပေးချင်လဲ  ? "

CEO ပစ်ပေးလိုက်တဲ့  သတင်းစာက ကျွန်တော့် မင်းသားရဲ့ အရေပြားကို ရိုက်ခတ်ပြီး ထိုင်နေတဲ့သူ့ ပေါင်ပေါ်ကျလာသည်။ ချက်ချင်းဆိုသလို ကျွန်တော့်ရဲ့ စူးကျင်နေစေမယ့် မျက်စောင်းအကြီးစားကြီးက CEOဆီ သွယ်ဝိုက်ခြင်းမရှိ ရောက်သွားလေ၏ ။ ကျွန်တော့်မင်းသားရဲ့ အရေပြားတစ်ထောက်ကို နာကျင်စေမှာမပြောနဲ့ ။ ဆံတစ်မျှင်တောင် အပွန်းအပဲ့ အခံနိုင်တာ ကျွန်တော့်အကျင့်သာ ။

" ဘာကို ဖြေရှင်းရမှာလဲ  CEOရာ...  Dating လို့ ခေါင်းစဉ်တပ်ပြီး revealပေးလိုက်ပါလား.. ကျွန်တော့်အတွက် ပို အဆင်ပြေတယ် "

ဒီတခါ ကျွန်တော့်အကြည့်တွေက သူ့ ဆီ.. မျက်စောင်းမဟုတ်။ အံ့သြတုန်လှုပ်မှုတွေနဲ့ ထုဆစ်ထားသော မျက်ဝန်းအကြည့်များသာ...

" မဖြစ်ဘူးလေ.. မင်း  fanတွေ စိတ်ဆိုးလိမ့်မယ် "

" ကျွန်တော်သိပါတယ်.. အဲ့ CEOကို စ တာ ဟီးးဟီး "

ကျွန်တော့်ကို ပြန်ဖြေရင်း CEOကို သွားဖြဲပြနေသော နားကားလေးကတော့လေ.. ချစ်လို့ ကို မ၀ တာ.. အဲ.. ကျွန်တော် ဘာပြောလိုက်တာ... ။

"  သိသေးလို့ တော်သေးတာပေါ့။ နောက်အနေအထိုင် ဆင်ခြင်... Baek hyunမင်းလည်း chanyeolကို သိပ်အလိုမလိုက်နဲ့ ။ နောက်တခါ အဲ့လို rumor ထပ်ထွက်ရင် datingချိတ်ပေးလိုက်မယ် ဘာမှတ်။ သွားတော့ ၂ယောက်လုံး အိမ်ပြန်နား "

Chanbaek ~~~Only one collection 💜Where stories live. Discover now