အခု yoongi hyung က
အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတော့ အိမ်မှာမရှိ ...
Jimin hyung ကလည်း အလုပ်က ပြန်ရောက်ထဲက ပင်ပန်းလို့ဆိုပြီး အစောကြီးဝင်အိပ်နေလေပြီ ..
ကိုယ်ကလည်း သူမူးနေတဲ့အချိန်ဆို အနားမကပ်ရဲရိုးအမှန် .
နောက်ဆုံး မတတ်နိုင်တဲ့အဆုံး
သွားတွဲပေးဖို့ လက်ကိုဆွဲလိုက်တော့ ..
လူကို အားနဲ့တွန်းထုတ်လိုက်တော့ လက်အစုံ ...
" မလိုဘူး ဖယ် .."
လူကို အတင်းတွန်းထုတ်ပြီး လှေကားပေါ်သို့ ဒယိမ်းဒယိုင်နဲ့ တက်သွားသည့် လူသား ...
" ဟွန့် ဒီကလည်း အရမ်းတွေ တွဲပေးချင်နေတာကြလို့ ..."
အခွင့်ရှိခဲ့မယ်ဆိုရင် နောက်တစ်ခု
ထပ်မေးကြည့်ချင်ပါသေးတယ်
ဘာလို့များ အမြဲတမ်းလိုလို သောက်ပြီးပြန်လာရသနည်းလို့
ဟူး ဒီညတော့ ဧည့်ခန်းက
ဆိုဖာပေါ်မှာဘဲ နှစ်ပါးသွားရတော့မယ် ...
အိမ်တံခါးတွေသေချာပိတ်ပြီး
ဆိုဖာပေါ်မှာ အိပ်ဖို့ ခေါင်းလေးချရုံရှိသေး ...
ဖလက်
ဟာ ..မီးပျက်သွားပီ
မှောင်မည်းနေတာဘဲ ဘာမှ မမြင်ရတော့ဘူး ..
မကြာမီပင်
အပြင်ဘက်မှသစ်ရွက်အချင်းချင်းရိုက်ခက်သံများနှင့်အတူ
မိုးများကလည်း သည်းထန်စွာ ရွာသွန်းနေပြီဖြစ်သည်။
ညဥ့်နက်လာသည်နှင့်အမျှ
အပြင်ကမိုးကလည်း ပိုအရှိန်ကောင်းလာသည်။.
အပြင်ကရာသီဥတုက ချမ်းစိမ့်နေပေမဲ့လို့
အိမ်ထဲတွင် ချွေးသီးချွေးပေါက်များနှင့်
မအိပ်နိုင်သောသူမှာ ကိုယ်သာဖြစ်သည်။
နောက်ဆုံး အိပ်လို့မရတော့သည့်အဆုံး
ခေါင်းအုံးလေးပိုက်ကာ သွားမိလိုက်သည့်နေရာကား ...
.................
အလုပ်က ပြန်ရောက်ထဲက နည်းနည်းပင်ပန်းလို့ဆိုပြီး
အစောကြီးဝင်အိပ်နေလိုက်တာ ညစာတောင်
ထမစားဖြစ်တဲ့အထိပင် ....
ESTÁS LEYENDO
💕L.O.V.E IN RECTANGLE💕
Romanceဝါးပင်လေးတွေ လေယူရာဘက်ကို ယိမ်းကြသလိုဘဲ နှလုံးသားဆိုတာကလည်း အချစ်ရှိရာဘက်ကို လိုက်ကြစမြဲပါ 09/06/2018
