အား...ကျွတ်ကျွတ် ..
ကိုက်ခဲနေသော ခေါင်းကို အသာအုပ်ကိုင်ကာ
နေရောင်ခြည်စူးစူးတို့ကြားမှ
မျက်လုံးကို မနည်းအားယူပြီးဖွင့်ကြည့်လိုက်ရာ
မြင်တွေ့ရသော မျက်နှာကျက်ပေါ်မှ ကြယ်ပွင့်လေးများကြောင့် မိမိအခန်းထဲပြန်ရောက်နေပီမှန်း သိလိုက်ရသည် ...
အခန်းထဲကို ဘယ်လိုပြန်ရောက်နေပါလိမ့် ...
Yoongi hyung ဘဲခေါ်လာတာနေမှာပေါ့ ?
တွေးရင်းနဲ့ တချက်ပြုံးမိလိုက်သည်...
အမြဲတမ်းလိုလိုပင်
အပြင်မှမူးပြီးပြန်လာသည့်အခါတိုင်း
အခန်းထဲသို့ တွဲပြီး လိုက်ပို့ပေးတတ်သူမှာ
hyung ပင်ဖြစ်သည် ...
Park Jimin ကတော့ လိုက်ပို့ဖို့မဆိုထားနှင့်
အိမ်အဝကနေပင်ဆီး၍ မိန်းမကြီးသဖွယ်လူကို
ဆူပူကြိမ်းမောင်းလေ့ရှိသည်...
သေချာပြန်စဉ်းစားကြည့်တော့မှ ...
ဟက် ညကမူးမူးနဲ့ ခြံစည်းရိုးတံခါးကို ဝင်ကျုံးခဲ့သေးတာဘဲ
သေချာတယ် ..
ဒီနေ့အဖို့တော့ kim taehyung လေးတစ်ယောက် park jiminဆီကနေ နားမုဒိန်းကျင့်ခံရတော့မယ်ဆိုတာ
အဲ့ဒါက အသာထား ..
ဒီထက် ပိုဆိုးတာက ဟိုကိစ္စ..
Hyung တို့ကို ဘယ်လိုပြန်ပြောပြရပါ့မလဲ ...
ဒါနဲ့ အဲ့တစ်ယောက်ရော ဘယ်ရောက်သွားတာလဲ...?
မူးနောက်နေတဲ့ ခေါင်းပေါ်က
ရွှေရောင်ဆံပင်တို့ကိုတချက်ထိုးဖွလိုက်ပြီး
အိမ်အောက်က အခြေအနေကြည့်ရန်
ဖွဖွလေးဆင်းလာခဲ့လိုက်သည်။
အောက်ထပ်ရောက်တော့ ဧည့်ခန်းကဆိုဖာပေါ်မှာ
ခွေခွေလေး အိပ်နေတဲ့ အနှီလူသားရယ် ..
ဟင် သူက ဘာလို့ဒီမှာလာအိပ်နေတာလဲ
အမှန်ဆို သူက ကျတော်တရားဝင်ယူထားတဲ့
ကျတော့်ယောက်ျားဖြစ်နေပြီဘဲ ..
ကျတော့်အခန်းထဲမှာဘဲ သူရှိနေရမှာမဟုတ်ဘူးလား ..
KAMU SEDANG MEMBACA
💕L.O.V.E IN RECTANGLE💕
Romansaဝါးပင်လေးတွေ လေယူရာဘက်ကို ယိမ်းကြသလိုဘဲ နှလုံးသားဆိုတာကလည်း အချစ်ရှိရာဘက်ကို လိုက်ကြစမြဲပါ 09/06/2018
