Ep-1

1.5K 130 2
                                        

ချမ်း​အေးလှ​သော ဒီဇင်​ဘာညတစ်​ည ...

ည ၁၂ နာရီ​ကျော်​ထိ မအိပ်​နိုင်​​သေး​သော ကျ​တော်

အ​ကြောင်းကား မနက်​ကုမ္ပဏီတွင်​ တင်​ပြ​ဆွေး​နွေးရမည့်
ပ​ရောဂျက်​အတွက်​ ပြင်​ဆင်​​နေရခြင်းပင်​ ...

"​ကော်​ဖီ ​သောက်​မလား jimin"

" မ​သောက်​​တော့ဘူး hyung ,
တော်​ကြာ အိပ်​မ​ပျော်​ဘဲ​နေမှာစိုးလို့ "

" အို​ခေ​လေ
ဒါဆို hyung တစ်​ခွက်​ဘဲ​ဖျော်​လိုက်​​တော့မယ်​ "

" Nae "

Yoongi hyungကို​ပင်​ ​သေချာအ​ရေးလုပ်​ပြီး
ပြန်​​မ​ပြောနိုင်​ ..
မနက်​အမှီတင်​ပြရမည့်​ ပ​ရောဂျက်​အတွက်​သာ
ဗျာများလို့ ​နေ၏...

ဒါ​တောင်​ yoongi hyung ​ဘေးနားက​နေ
ဝိုင်းကူ​ပေးလို့ ဒီ​လောက်​ပြီးတာ ..
နို့မို့ဆို မနက်​မိုးလင်းတာ​တောင်​ ပြီးပါ့မလားမသိ ...

" အား..."

တွေး​နေရင်းနဲ့ပင်​ ​ဒေါသ​တွေပြန်​ထွက်​လာကာ ...

" Kim taehyung လဒ .,
ကိုယ့်​အလုပ်​ကိုယ်​မလုပ်​ဘဲ
ဘယ်​နားသွား​သေ​နေလဲမသိဘူး "

ဟုတ်​တယ်​ ..
အမှန်​ဆို ဒီကိစ္စက Magic Shop ရဲ့
CEO ဖြစ်တဲ့
Kim taehyung လုပ်​ရမှာ ...

Daegu က သူ့သူငယ်​ချင်းရဲ့ wedding ရှိလို့
နှစ်​ရက်​​လောက်​ သွားပါရ​စေဆိုပြီး သွားရာက
တစ်​ပါတ်​တိတိပြည့်​ခဲ့​သော်​လည်း
ကိုယ်​​တော်​​​​ချောက ​ပေါ်မလာခဲ့ ...

အခု​တော့ သူ့အစား ဒီအလုပ်​​တွေကို
ကျ​တော်​နဲ့ yoongi hyungနဲ့က လုပ်​​ပေး​နေရတယ်​​..

Magic Shop ဆို​တာ
အရမ်းချစ်ကြတဲ့ သူငယ်ချင်း​​တွေဖြစ်တဲ့
ကျ​တော်​တို့ သုံး​ယောက်​ တည်​​ထောင်​ထားတဲ့
နာမည်​ကြီး ဖက်​ရှင်​ ကုမ္ပဏီတစ်​ခု​ပေါ့ ...

သုံး​ယောက်​ အတူတူဆို​ပေမဲ့
ရှယ်​ယာအများဆုံးထည့်​ထားတဲ့ kim taehyung ကိုဘဲ CEO ရာထူး​ပေးထားလိုက်​တယ်​ ..

CEO ဖြစ်​တာကတစ်​​ကြောင်း ..
သက်​ရှိအရုပ်​​လေးတစ်​ရုပ်​ကဲ့သို့
တလက်​လက်​​တောက်​​နေတဲ့ မျက်​ဝန်း​လေး​တွေ .
ဖြောင့်​စင်း​နေတဲ့နှာတံ​လေးရယ်​အပြင်​ ..
တောင့်​တင်းလှတဲ့ ခန္ဓာကိုယ်​အချိုးအဆ​ကြောင့်
ပျိုတိုင်းကြိုက်​တဲ့ နှင်းဆီိခိုင်​တစ်​ပွင့်​​ဖြစ်​လို့​နေသူ...

💕L.O.V.E IN RECTANGLE💕Donde viven las historias. Descúbrelo ahora