Ep-4

1.2K 143 68
                                        

" ​ကောင်​​လေး မင်းဒီထဲကို ဝင်​လို့မရဘူး "

" ဟာ..ဦး​လေးကြီးတို့ကလည်းဗျာ ..
ကျ​တော်​ jimin hyung နဲ့​တွေ့ချင်​လို့ပါဆို ..."

" စိတ်​မရှိပါနဲ့ ဒီ​နေရာက အပြင်​လူဝင်​လို့မရလို့ပါ ..."

"လုပ်​ပါဦး​လေးကြီးရာ ..
ကျ​တော်​ အခုချက်​ချင်း ပြန်​ထွက်​လာခဲ့မယ်​​လေ​နော်​ .."

" ဒီမှာ ​ကောင်​​လေး ..
အထဲကို ဝင်​လို့မရဘူးလို့​ပြော​နေတယ်​​နော်​..."

" ဒါဆိုလည်း jimin hyung ကို
ခဏ​လောက်​ ​ခေါ်​ပေး​လေ​နော်​ ...​နော်​ .."

" ဟ ..
မင်းလို ဘာမဟုတ်​တဲ့
ကောင်​​လေးတစ်​​ယောက်​ကို ထွက်​​တွေ့ဖို့
ငါတို့ manager က အဲ့​လောက်​မအားဘူးကွ..
သွားသွား ..ဇယား​တွေလာ​ရွှေ့မ​နေနဲ့ .."

ဘာ ...ဘာမဟုတ်​တဲ့ ​ကောင်​​လေးဟုတ်​လား..

အဲ့ဒီ ဘာမဟုတ်​တဲ့ ​ကောင်​​လေးက
ခဗျားတို့ ဖိတ်​ဖိတ်​တုန်​​အောင်​​ကြောက်​ကြတဲ့ CEO
Kim Taehyung ရဲ့​ယောက်ျားမှန်းမသိကြဘူးမလား ..

ဒါ​ပေမဲ့လည်း ကိုယ့်​မှာ ​ပြောပိုင်​ခွင့်​မှ မရှိ​ဘဲ ...

" အဲ့ဒါ ဘာဖြစ်​​နေကြတာလဲ "

အ​ပေါက်​ဝက လုံခြုံ​ရေးဦး​လေးကြီး​တွေနဲ့
အ​ခြေအတင်​​ပြော​နေတဲ့အချိန်
အ​နောက်​က ထွက်​​ပေါ်လာတဲ့ အသံသြသြ​ကြောင့်
လူက အ​ငွေ့ပျံချင်​စိတ်​​တွေ​တောင်​ ​ပေါက်​သွားတယ်

" ဘာမှ မဟုတ်​ပါဘူး CEO Kim ,
ကျ​တော်​တို့သူ့ကို အခုဘဲဆွဲထုတ်​လိုက်​ပါ့မယ်​ .."

" အ​နောက်​ကလိုက်​လာခဲ့ .."

"ဟင်​ ..O.O"

" ​ပြော​နေတာမကြားဘူးလား .."

"ဟုတ်​ ..ဟုတ်​ကဲ့ .."

ဟွန့်​ ဦး​လေးကြီးတို့​ ​တွေ့ပီမလား ..
ကျ​တော်​က ဘာမဟုတ်​တဲ့ ​ကောင်​​လေးမဟုတ်​ပါဘူးလို့
ပြောသားဘဲ ..

လုံခြုံ​ရေးဦး​လေးကြီး​တွေကို
မျက်​​စောင်းတစ်​ချက်​လှမ်းထိုးလိုက်​ပြီး
မမြင်​ရ​သေးတဲ့ အနာဂတ်​ကိုသာ ကြိုတင်​​တွေးရင်း
ကြောက်​​ကြောက်​နဲ့ သူ့အ​နောက်​က​နေ လိုက်​လာခဲ့ရတယ်​ ..

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 10, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

💕L.O.V.E IN RECTANGLE💕Donde viven las historias. Descúbrelo ahora