Ep-3

818 123 9
                                        

ဒီ​နေ့ဆို ဒီအိမ်​ကို​ရောက်​ခဲ့တာ တစ်လ​တိတိရှိခဲ့ပြီဖြစ်​သည်​..

ကံကြမ္မာက ဆန်း​တော့ဆန်းကြယ်​သား ...

ဆွေမျိုးသားချင်းမရှိ ..တ​ကောင်​ကြွက်​ ..
ကြုံရာကျပန်း လုပ်​ကိုင်​စား​သောက်​​နေရတဲ့သူက 
နေ့ချင်းညချင်း ဒီလိုအိမ်​အကြီးကြီးမှာ
အခန့်​သား​နေရမယ်​ဆိုတာ ဘယ်​သူကကြိုသိခဲ့မှာလဲ ...

ဒါ​​ပေမဲ့လည်း ထိုကံကြမ္မာအလှည့်​အ​ပြောင်းအားလုံးရဲ့
မူလအရင်းအမြစ်​ကို ပြန်​ဆန်းစစ်​လိုက်​​တော့
ကိုယ်​ဟာ ​ယောက်ျားတစ်​​ယောက်​ရဲ့ သိမ်းယူခြင်း​ကို
ခံခဲ့ရသည်​တဲ့လား ...

ဒါဟာလည်း အချစ်​မပါတဲ့ တခဏတာ အမြင်​လွဲမှားမှုနဲ့ ..

သူ့ရဲ့ hyung ဆိုသူကား မည်​သူနည်း

အဘယ်​​ကြောင့်​ ကျ​တော့်​အား
သူ့ hyung နှင့်​ အမြင်​လွဲမှားခဲ့ရသနည်း ..

အခွင့်​ရှိရင်​ တခါ​လောက်​​တော့
Kim Taehyung ဆိုသူအား ​မေးမြန်းကြည့်​ချင်​ပါသည်​။

သို့​သော်​ Kim Taehyung ၏အမိန့်​တို့ကို
လွန်​ဆန်​နိုင်​စွမ်းမရှိ​သော ကျ​တော်​သည်​ ယခု့အချိန်​တွင်​မူ
Kim taehyung ၏​ယောက်ျားအဖြစ်​နှင့်
သူထားရာမှာသာ ​နေ​နေရ၏။...

လက်​ထပ်​ထားကြတယ်​ဆို​ပေမဲ့လို့ ..
ကျ​တော်​နှင့်​ kim taehyung သည်
ကုတင်​တစ်​ခုတည်း​ပေါ် အတူတူအိပ်​ကြသည်​ကလွဲ၍
တစ်​​ယောက်​နှင့်​ တစ်​​ယောက်​ ရင်းနှီးမှု အလျင်းမရှိ ...

ပြန်​ပြင်​၍မရ​တော့​သောအမှားတစ်​ခု​ကြောင့်
တာဝန်​ယူစိတ်​ဆို​သောအရာနှင့်
သက်​​သေခံ စာရွက်​​ပေါ်က လက်​မှတ်​နှစ်​ခုတို့​ကြောင့်​သာ
ပတ်သက်​​မှုရှိေ​နကြ​သော လူသားနှစ်​​ယောက်

ကျ​တော်​သည်
Kim Taehyung၏​ယောက်ျားဖြစ်​ရိုးမှန်​​သော်​လည်း
လူမှုကွန်​ရက်​တွင်​မူ Kim Taehyung တွင်
အိမ်​​ထောင်​ရှိမှန်း မည်​သူတစ်​ဦးတစ်​​ယောက်​မျှ မသိကြ..

Daegu မှ သူငယ်​ချင်းအချို့နှင့်​ jimin hyung တို့နှစ်​​ယောက်​သာ ထိုကိစ္စကိုသိကြသည်​ ...

💕L.O.V.E IN RECTANGLE💕Donde viven las historias. Descúbrelo ahora