ဟုတ်​သားဘဲ ...
သူလည်းရှက်​မှာ​ပေါ့ ...
ယောက်ျား​လေးတစ်​​ယောက်​ကို လက်​ထပ်​ထားရတယ်​ဆိုတဲ့
သဘာဝမကျတဲ့ အမှန်​တရားကြီးတစ်​ခုကို ...

ထားပါ​လေ ...
သူကိုယ့်​ကို ဘယ်​လိုဘဲသတ်​မှတ်​သည်​ဖြစ်​​စေ
ကိုယ့်​အတွက်​က​တော့ သူသည်​ ​ကျေးဇူးရှင်​တစ်​​ယောက်​သာ

နည်းနည်း​တော့ရီရသား ..
ကိုယ့်​ဘဝကြီးတစ်​ခုလုံးကို ဖျက်​ဆီးခဲ့တဲ့သူကို
ကျေးဇူးရှင်​လို့ ​ခေါင်းစဉ်​တပ်​ရတာ

ဒါ​ပေမဲ့လည်း အ​ကောင်းဘက်​က
ပြန်​​တွေးကြည့်​လိုက်​ရင်
သူ့​ကြောင့်​သာလျှင်​ ဆင်းရဲတွင်းဘဝကလွတ်​ပြီး
ဒီအိမ်​ကြီးမှာ ​ကောင်း​ကောင်းမွန်​မွန်​​နေ​နေရတာမလား ..

ဒါ​ကြောင့်​လည်း သူ့အား​ကျေးဇူးရှင်​ဟု သတ်​မှတ်​ခဲ့ခြင်းပင်

Jimin hyung ​ပြောတာမှန်​ပါသည်​ ...

Kim Taehyung ဆိုသူသည်
မူး​နေသည့်​အချိန်​မှလွဲ၍ ကျန်​သည့်​အချိန်​တွင်
အလွန်​တရာမှ သ​ဘောမ​နော​ကောင်းသူဖြစ်​သည်​။

Kim Taehyung အား
စ​တွေ့တုန်းက​လောက်​​တော့ မ​ကြောက်​​တော့​သော်​လည်း
မူးလာသည့်​ ညများ​တွင်​မူ
သူ့အနားတွင်​မအိပ်​ရဲဘဲ ဧည့်​ခန်းကဆိုဖာတွင်​သာ
ထွက်​အိပ်​ရ​လေ့ရှိသည်​ ...

ည ၁၁ နာရီ ရှိပြီဖြစ်​​သော်​လည်း
ယခုအချိန်​ထိ ပြန်​မလာ​သေး​သော
Kim Taehyungအား တာဝန်​ ဝတ္တရားတစ်​ခုအရ
စောင့်​​နေရပြန်​သည်​ ..

ဒုန်း ဒုန်း ..

" Jungkookie , တံခါးလာဖွင့်​ "

ကျစ်​ စိတ်​ညစ်​ပါတယ်​ ..
ဒီ​နေ့လည်း​​သောက်​လာပြန်​ပြီနဲ့တူတယ်​..

တစ်​ပတ်​ ၇ ရက်​တွင်
၃ ရက်​​လောက်​ကမူးပြီးပြန်​လာတတ်​​သောသူ..

သို့​သော်​ Kim Taehyung ၏ထူးခြားချက်​ကား ..
မည်​မျှပင်​ မူးသည်​ဖြစ်​​စေ ..ကြုံရာမအိပ်​ဘဲ
အိမ်​ကို​မ​ရောက်​​ရောက်​​အောင်​ ပြန်​လာတတ်​​သောသူပင်​ ..

ခက်​​တော့တာဘဲ ...
ခါတိုင်းဆို သူမူးလာတိုင်း yoongi hyung ကဘဲ တွဲပြီး​ခေါ်သွား​နေကြ ...

💕L.O.V.E IN RECTANGLE💕Where stories live. Discover now