" အဲ့​ကောင်​​လေးနဲ့ ဘယ်​လိုဖြစ်​ကြတာလဲ Tae ?"

" ကျ​တော်​ပါတီပွဲမှာ အမူးလွန်​ပြီး အမှားလုပ်​မိသွားတာ ..."

" ဟားဟား...ခံ​ပေါ့​..
သောက်​ချင်​ဦး​လေ ..အဲ့အရက်​ကို .."

" Park Jimin ! "

" အဲ့​တော့ သူငယ်​ချင်းရဲ့ မင်္ဂလာ​ဆောင်​ကို သွားရာက
မင်းကိုယ်​တိုင်​ပါ တစ်​ခါတည်း
မင်္ဂလာဝင်​​ဆောင်​ခဲ့တယ်​​ပေါ့ ..."

ပြုံးစိစိနဲ့ ​ပြောလာတဲ့ yoongi hyung ​ကြောင့်
လူက ရှက်​တာကတ​စ်ေ​ကြာင်း ..

လူကို နည်း​သေးတယ်​ ခံဆိုတဲ့ မျက်​နှာ​ပေးနဲ့
ခနဲ့တဲ့တဲ့ လုပ်​​နေတဲ့ park jimin အား 
ဒေါသထွက်​လာတာကတစ်​​ကြောင်း ...

အဆုံးသတ်​က​တော့ ...
အ​ပေါက်​ဝနားမှာ ကျ​တော်​တို့ သုံး​ယောက်​ကို
မျက်​လုံး​လေး ​ပေကလပ်​​ပေကလပ်​နဲ့ ပြူးကြည့်​​နေတဲ့ ..
ထို​ကောင်​​လေးဆီသို့သာ...

" အဲ့မှာ ဘာရပ်​လုပ်​​နေတာလဲ "

သူ့ကိုမြင်​သည်​နှင့်​ ​ကောင်​​လေး၏ မျက်​ဝန်းများသည်
ချက်​ချင်းဆိုသလိုအရည်​လဲ့လာကာ ...
အောက်​နှုတ်​ခမ်းပါး​လေးများပင်​တုန်​ရီ​နေသည်​ ...

"​မေး​နေတယ်​​လေ ..ဘာရပ်​လုပ်​​နေတာလဲလို့ .."

"ဘာ..ဘာလုပ်​ရမှန်းမသိလို့ ..."

" ငါ့​နောက်​လိုက်​ခဲ့ "

Kim taehyung တစ်​​ယောက်ေ​​ပြာပြီး
အိမ်​​ပေါ်တက်​သွားသည့်​တိုင်
ရပ်​​နေရာမှတဖဝါးမှမခွာတဲ့​ကောင်​​လေး​ကြောင့်

"လိုက်​သွားလိုက်​​လေ .."

" မလိုက်​ရဲဘူး .."

" ဘာဖြစ်​လို့လဲ "

" ​ကြောက်​ ..​ကြောက်​လို့ .."

ထို​ကောင်​​လေး​ပြော​နေသည်​မှာ
သနားစရာ​ကောင်းလှ​သော်​လည်း
park jimin တို့ရီချင်​စိတ်​ကို မနည်းမြိုသိပ်​ထားရသည်

Kim Taehyung ,Kim Tahyung ,
ခ​လေးကို ဘယ်​လို​တွေ​တောင်
ကြောက်​​အောင်​လုပ်​ထားပါလိမ့်​ ...

" လိုက်​သွားလိုက်​ပါ ..
Kim Taehyung က သ​ဘော​ကောင်းပါတယ်​ ..
ဟို​နေ့က မူး​နေလို့ ​ကြောက်​စရာ​ကောင်းသွားတာပါ..."

" Jung kookie ,
ငါလိုက်​လာခဲ့လို့​ပြော​နေတာ မကြားဘူးလား ?"

" ဟုတ်​ကဲ့ ..လာ..လာပါပြီ "

တကယ်​ ဘယ်​လိုဟာ​လေးမှန်းမသိဘူး ...
ဘယ်​​လောက်​ဘဲ ရိုးပါတယ်​ အပါတယ်​​ပြော​ပြော
အဲ့​လောက်​ထိ ခ​လေးလို လူ​ကြောက်​​နေစရာလိုလို့လား ...

အင်း​ပေါ့​လေ ...
သူ​ကြောက်​ရင်​လည်း
ကြောက်​ချင်​စရာ​ကောင်း​လောက်​​အောင်
ကိုယ်​က လုပ်​မိခဲ့တာကို ...

ဘာဘဲဖြစ်​ဖြစ်​ ...
သူ့အသံကြားတာနဲ့ တုန်​​နေ​အောင်​​ကြောက်​​ပြီး ...
မျက်လုံးကိုပင်​ တည့်​တည့်​ မကြည့်​ရဲ့ဘဲ
သူထိုင်​ဆိုထိုင်​ ထဆိုထ ဆိုသည့်အတိုင်း ​​နာခံတတ်​တဲ့
ကောင်​​လေး​ကြောင့်​ သူ​ကျေနပ်​​နေတာ​တော့အမှန်​ပင်​ ....

.......

TBC ...

ဖလိဘက်​​လေးများ မစကြပါ 😭

#violet

💕L.O.V.E IN RECTANGLE💕Where stories live. Discover now