ဒါလည်း ကိုယ့်အလုပ်မဟုတ်ပါဘူးလေ ...
ချစ်လွန်းလို့ ဆိုပြီးယူထားတာမှ မဟုတ်ဘဲ ...
ဘယ်လိုမှ လွှဲရှောင်လို့မရတော့တဲ့ အမှားတစ်ခုကြောင့်
တာဝန်သိတတ်တဲ့စိတ်တစ်ခုတည်းနဲ့သာ
လက်ထပ်ယူခဲ့ခြင်းပင် ...
နှစ်ရက်ဆိုပြီး ထွက်သွားရာက
တစ်ပါတ်တိတိဖြစ်သွားခဲ့ရသည့်အကြောင်းကား ...
Flash Back ...
Daegu က ကျတော့်သူငယ်ချင်း၏ မင်္ဂလာဆောင်အပြီး
ညဘက် party ပွဲတွင်...
" Congratulaion ပါကွာ , "
" အေးပါ Taehyung ရာ ..
မင်းရော ဘယ်တော့စွန်မှာလဲ ? "
" ဟက် ငါလား ....
ငါက playboy လေကွာ ..
ကြိုက်တဲ့သူကို ကြိုက်တဲ့အချိန်ကောက်တွဲပြီး
မကြိုက်တဲ့အခါ ခွာချလိုက်ရုံဘဲ ..."
" ဒါပေမဲ့ကွာ
မင်းအချစ်ဆိုတာကိုတော့ခံစားကြည့်သင့်တာပေါ့ "
အချစ် ?
အချစ်က ဘာလုပ်လို့ရလဲ ?
အချစ်ဆိုတာ ကိုယ်ချစ်နေတဲ့သူက အခြားတစ်ယောက်ကို
အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတာကို
ရင်နာနာနဲ့ မျှော်ကြည့်နေဖို့လား?
သောက်တဲ့အရှိန်ကောင်းလာတာနဲ့အမျှ
လျှာတွေပါလေးလာခဲ့တယ်
" မလိုဘူးဟျောင့် ..
ငါ့အတွက် ကိုယ်ချစ်မလိုဘူး ..သူချစ်ဘဲလိုတာ ...
ငါ့ကို ချစ်နေဖို့ဘဲလိုတယ် ..
ငါကတော့ ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူး ..ဟက်"
ဘာလို့ဆို
ငါ့ရင်ထဲမှာ ငါ့ကိုဘယ်တော့မှ ပြန်မချစ်လာနိုင်တဲ့
လူတစ်ယောက်ရှိနေလို့ဘဲ ...
ထိုနေ့ညက minyoung ပြောလိုက်သော
စကားများသည် ကျတော့ကို စေတနာဖြင့်
ပြောရိုးမှန်သော်လည်း ရင်ဘတ်ထဲက
အနာကို စွသလိုဖြစ်ကာ လူမှန်းသူမှန်းမသိတော့အောင်ထိ
သောက်ပစ်ခဲ့မိသည်...
" Kim Taehyung ...
တော်တော်လည်း မူးနေပြီ ..
ဒီလောက်နဲ့ဘဲသွားအိပ်တော့ ..
အခန်းအဆင်သင့်ပြင်ပေးထားတယ် ..."
YOU ARE READING
💕L.O.V.E IN RECTANGLE💕
Romanceဝါးပင်လေးတွေ လေယူရာဘက်ကို ယိမ်းကြသလိုဘဲ နှလုံးသားဆိုတာကလည်း အချစ်ရှိရာဘက်ကို လိုက်ကြစမြဲပါ 09/06/2018
